နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်

သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို သက်သေပြလိုက်ခြင်းဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ်တပ် ရှိပါတယ်၊ အများကြီးကို သာပါတယ်” ဟု ထရမ့်က ကြာသပတေးနေ့တွင် ထုတ်လွှင့်ခဲ့သည့် Axios ၏ မာ့ခ် ကာပူတို (Marc Caputo) နှင့် အင်တာဗျူး ကလစ်တစ်ခုတွင် ပြောကြားခဲ့သည်။

ထို့နောက် ကာပူတိုက သမ္မတအား “ပဋိပက္ခအစတုန်းက ခင်ဗျားဟာ ခြွင်းချက်မရှိ လက်နက် ချတာကိုပဲ လိုချင်တယ်လို့ ပြောခဲ့တာ၊ ဒါပေမဲ့ အခု MOU ကတော့ ခြွင်းချက်မရှိ လက်နက်ချ တဲ့ပုံစံ မပေါက်ဘူးဖြစ်နေတယ်” ဟု ပြောခဲ့သည်။

“ကောင်းပြီ၊ ဒါဟာ တကယ်တော့ ခြွင်းချက်မရှိ လက်နက်ချတာ ဖြစ်ဖို့များပါတယ်” ဟု ထရမ့်က ပြန်လည်ဖြေကြားခဲ့သည်။

“ဟုတ်လို့လား ခင်ဗျာ” ဟု ကာပူတိုက ထပ်လောင်းမေးမြန်းရာ ထရမ့်က “ကျွန်တော် အဲဒီလိုပဲ ထင်တယ်” ဟု မဖြေကြားမီ တုံ့ပြန်ခဲ့သည်။

အမေရိကန်နှင့် အီရန်တို့သည် စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်သည့် နောက်ဆုံး သဘောတူညီချက်တစ်ခုဆီသို့ ရက်ပေါင်း ၆၀ ကြာ ညှိနှိုင်းရေးကာလကို စတင်မည့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယခုကဲ့သို့ မှတ်ချက်ပေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကွန်ဂရက်လွှတ်တော် (Capitol Hill) ရှိ အဓိက ရီပတ်ဘလီကန် အမတ်များသည် ထရမ့်၏ အီရန်နှင့် သဘောတူညီချက် အသေးစိတ်ကို အစဦးတွင် သိရှိခဲ့ရစဉ်က အချို့မှာ အလွန် အမင်း အံ့အားသင့်သွားသဖြင့် ၎င်းနှင့်ပတ်သက်၍ စကားပင် မပြောနိုင်ခဲ့ကြကြောင်း CNN က ဖော်ပြခဲ့သည်။ သို့သော် ယခုအခါတွင်မူ GOP (ရီပတ်ဘလီကန်) အထက်လွှတ်တော် အမတ် အများအပြားပါဝင်သော အစုအဖွဲ့တစ်ခုသည် ထရမ့်၏ အီရန်ညှိနှိုင်းမှု စည်းကမ်း ချက်များကို လူသိရှင်ကြား စတင်သံသယဝင်လာကြပြီး အများစုက သူ၏ မဟာဗျူဟာကို လုံးဝ ပြောင်းလဲရန် တိုက်တွန်းနေကြသည်။

အထူးသဖြင့် ပြန်လည်ရွေးကောက်ခံရမည့် မဲဆွယ်စည်းရုံးရေး ဖိအားများမရှိတော့သည့် အနားယူတော့မည့် လူဝီစီယားနားပြည်နယ် အထက်လွှတ်တော်အမတ် ဘီလ် ကက်ဆီဒီ (Bill Cassidy) ကဲ့သို့သော အမတ်အချို့က ထရမ့်၏ သဘောတူညီချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်နေကြပြီး ၎င်းက “အီရန်က ပိုသန်မာသွားပြီး၊ ကျွန်တော်တို့ကတော့ ပိုအားနည်းသွားတယ်” ဟု အကျဉ်းချုပ် သုံးသပ်ခဲ့သည်။

သောကြာနေ့တွင် ထုတ်လွှင့်ရန် စီစဉ်ထားသည့် Axios အင်တာဗျူးတွင် ထရမ့်သည် အဆိုပါ ပဋိပက္ခ၏ ရလဒ်ကြောင့် အာဏာကျင့်သုံးမှုနှင့် သူ၏ အာဏာအတိုင်းအတာ ကန့်သတ်ချက် များ အပေါ် မည်သို့ သင်ခန်းစာရရှိခဲ့သနည်းဟု မေးမြန်းခြင်း ခံခဲ့ရသည်။

“ကန့်သတ်ချက်တွေ မရှိပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

“ဟင့်အင်း၊ လုံးဝမရှိပါဘူး။ ကျွန်တော် အဲဒီသင်ခန်းစာကို မရသေးပါဘူး။ ရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ခင်ဗျားသိတဲ့အတိုင်း ကန့်သတ်ချက်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ သူတို့ကို စစ်ရေးအရ လုံးဝ အနိုင်ယူခဲ့တာပါ” ဟု ထရမ့်က အခိုင်အမာ ပြောကြားခဲ့သည်။

ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် အရှေ့ဘက်ခန်းမ၌ ကြာသပတေးနေ့က ပြုလုပ်သော Medal of Honor (ဂုဏ်ထူးဆောင်တံဆိပ်) အခမ်းအနားသို့ သမ္မတ ဒေါ်နယ်ထရမ့် ရောက်ရှိလာစဉ်။ (ဓာတ်ပုံ – Andrew Harnik/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 14 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဗန်စ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ‘အချို့အရာတွေကို မှားယွင်းလုပ်ဆောင်ခဲ့တယ်’ ဟု ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မကြာသေးမီ သီတင်းပတ်များအတွင်း တင်းမာလာပုံရချိန်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု သည် “ အချို့အရာတွေကို အသေအချာပဲ မှားယွင်းလုပ်ဆောင်ခဲ့တာ ရှိပါတယ်” ဟု
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲက အီရန်ကို ဟော်မုဇ်ရေလက်ကြားအား လက်နက်တစ်ခုသဖွယ် ဘယ်လိုအသုံးချရမလဲဆိုတာ သင်ကြားပေးခဲ့သည်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ရေးသားသူ- ဂျယ်ရမီ ဘိုဝင် (Jeremy Bowen) နိုင်ငံတကာရေးရာ အယ်ဒီတာ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဒီကိစ္စတွေအားလုံး ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့ချိန်တုန်းက ဒေါ်နယ်ထရမ့်နဲ့ ဘင်ဂျမင် နေတန်ယာဟုတို့က အစိုးရအပြောင်းအလဲ