ဇွန်လ (၂၇)ရက်။
တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။
အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။
“ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရဖိုဆိုရင် ဘာပဲဘယ်လောက်ကုန်ကုန် လုပ်မယ်လိုပြောတယ်။ ဒါ့ကြောင့် EAO တွေကို ပြောချင်တာ ငြိမ်းချမ်းရေးလိုချင်ရင် လာခဲ့ပါ၊ ဘာကြိုတင်သတ်မှတ်ချက်မှမရှိဘဲ ဆွေးနွေးပါမယ်” လို သူက ဆက်ပြောပါတယ်။
နောက်ပြီး ဦးသိန်းစိန်လက်ထက်မှာ NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲအချို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တိုင်းရင်းသားဒေသတွေ ဖွံဖြိုးတိုးတက်ဖို အတိုင်းအတာတခုအထိ ဆောင်ရွက်ပေးနိုင်ခဲ့တယ်ဆိုပြီး ဆိုပါတယ်။
ဒါပေမယ့် NLD အစိုးရလက်ထက်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မအောင်မြင်ခဲ့သလို မငြိမ်းချမ်းတဲ့ ဒေသတွေမှာ ဖွံဖြိုးတိုးတက်မှုတွေ နောက်ကျခဲ့တယ်လိုလဲ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိင်က စွပ်စွဲခဲ့ပါသေးတယ်။
ဒါ့အပြင် အစည်းအဝေးထဲ မင်းအောင်လှိင်ခန့် တပ်ချုပ် ရဲဝင်းဦးကလဲ နယ်စပ်ကုန်သွယ်ရေးလမ်းတွေ ပြန်ဖွင့်နိုင်အောင် နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
မင်းအောင်လှိင်ဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို မကြာခဏ ဖိတ်ခေါ်နေပေမယ့် မြေပြင်မှာတော့ တိုင်းရင်းသားဒေသတွေအပါအဝင် နိုင်ငံတဝှမ်းမှာ လေကြောင်းဗုံးကြဲတာတွေ၊ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေတယ်လို သိရပါတယ်။








