ဇွန်လ (၃၀)ရက်။
လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင်နဲ့ သူ့မိန်းမတို့ဟာ လာအိုနိုင်ငံသမ္မတရဲ့ ဖိတ်ကြားတာကြောင့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အနေနဲ့ သွားရောက်တာလို့ သိရပါတယ်။
အဲ့ဒီခရီးစဉ်မှာ မင်းအောင်လှိုင်က လာအိုနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး ကဏ္ဍပေါင်းစုံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ဖို့ ဆွေးနွေးသွားမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
မင်းအောင်လှိုင်ဟာ သမ္မတရာထူး ရယူပြီးနောက် မကြာသေးခင်က ပြည်ပခရီးစဉ်အနေနဲ့ တရုတ်နဲ့ အိန္ဒိယကို သွားရောက်ခဲ့ပြီး အခုခရီးစဉ်ဟာ တတိယမြောက်ဖြစ်ပါတယ်။
တဖက်မှာလဲ တော်လှန်ရေးအင်အားစုတွေက အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရအမည်ခံ သမ္မတတု မင်းအောင်လှိုင်ကို အသိအမှတ်မပြုဖို့ သတိပေးပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။








