နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လ၀ကရုံးနဲ့ တမူးရွေးကောက်ပွဲ ကော်မရှင်ရုံးတို့ တိုက်ခိုက်မီးရှို့ခံရ

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို သတိပေးတားမြစ်တဲ့အနေနဲ့ ဇန်နဝါရီ ၁၉ ရက် မှာ တမူးမြို့နယ်က ရွေး ကောက်ပွဲ ကော်မရှင်ရုံးကို တမူး ပ.က.ဖနဲ့ ABSDF တပ်ရင်း (၅) တို့ ပူးပေါင်းမီးရှို့ခဲ့ကြတယ်လို့ တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ပါဝင်ပတ်သက်သူတိုင်းကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ တမူးမြို့နယ် ပကဖ အဖွဲ့က ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ (၁၇) ရက် ကလည်း စစ်ကိုင်းတိုင်း အင်းတော်မြို့ နယ် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲကို ပျောက်ကြားအဖွဲ့တခုက လက်လုပ်မိုင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီနဲ့ နှစ်ဘက်အပြန်အလှန်တိုက်ခိုက်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အင်းတော်ပြည်သူ့ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်က လဝကရုံးကို ဇန်နဝါရီ ၁၇ ရက်ညပိုင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်လာပါတယ်။

အတုအယောင်ရွေးကောက်ပွဲအတွက် လျှို့ဝှက်မဲစာရင်းတွေလုပ်နေချိန်မှာ မဲစာရင်းနဲ့ ပတ်သက်တဲ့အရာတွေအားလုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တာဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်တွေ မထိခိုက်အောင် တတ်နိုင်သမျှ ငဲ့ညာလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားတာပါ။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ထိခိုက်ဒဏ်ရာရမှု နောက်ဆက်တွဲ အခြေအနေကို မသိရှိရသေးပါဘူး။


Era’sEyes | Photo- CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို လက်တွေ့ကျပြီး ထိရောက်စွာ အရေးယူပေးဖို့ Karenni-IEC တောင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ အကြမ်းဖက်စစ်တပ်ကို လက်တွေ့ကျပြီး ထိရောက်တဲ့ အရေးယူတာတွေ ဆောင်ရွက်ပေးကြဖို့ ကုလနဲ့ အီးယူအပါအ၀င် အာဆီယံနိုင်ငံတွေကို Karenni-IEC က
1027 Operations မြန်မာသတင်း

လားရှိုးမြို့ရှိ အရေးပေါ်နေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အားပြန်လည်ရရှိ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 3 Views
စက်တင်ဘာလ (၇)ရက်။ မနေ့က ညနေပိုင်းကစပြီး လားရှိုးမြို့ရှိ အရေးပေါ်လိုအပ်နေတဲ့ အများသူငှာနေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိပြီဖြစ်တယ်လို့ MNDAA ရဲ့
မြန်မာသတင်း

မြိုင်မြို့ သရက်ကန်ရွာက ပျုစောထီးတွေ၊ ရဲတွေနဲ့ စစ်သားတွေ လက်နက်ချဖို့ သတိပေးထား

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 6 Views
စက်တင်ဘာလ (၇)ရက်။ မြို့မြိုနယ်တောင်ပိုင်း သရက်ကန်ရွာက စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေ လက်နက်ချပူးပေါင်းဖို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေဟာ သရက်ကန်ရွာရှိ အကြမ်းဖက်စစ်တပ်လက်အောက်မှာ တာ၀န်ထမ်းဆောင်ပြီး ပြည်သူကို ဒုက္ခမျိုးစုံပေးနေတာကြောင့်
မြန်မာသတင်း

(၅)ရက်တာကာလထဲ ခင်ဦးမြို့က ကျေးရွာ (၁၀)ရွာခန့်ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ (၅)ရက်တာကာလထဲ ခင်ဦးမြို့နယ်ရှိ ကျေးရွာ (၁၀)ရွာခန့်ကို စစ်ကောင်စီစစ်ကြောင်းက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense Comrade ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စက်တင်ဘာလ (၂)ရက်နေ့ကစပြီး ဒီကနေ့အထိ
မြန်မာသတင်း

မြိုင်မြို့ပေါ်က စစ်ကောင်စီရဲ့ စည်ပင်ရုံး၊ ဥပဒေရုံးနဲ့ ကြံ့ခိုင်ရေးရုံးတို့ကို တော်လှန်ရေးတပ်တွေ မီးရှို့ရှင်းလင်း

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ စည်ပင်ရုံး၊ ဥပဒေရုံးနဲ့ ကြံ့ခိုင်ရေးရုံးတို့ကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ M.V.P Revolution Force ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နံနက် (၇)နာရီအချိန်က မြိုင်မြို့အရှေ့ဘက် ပခုက္ကူလမ်း‌ပိုင်းပေါ်ရှိ
မြန်မာသတင်း

မဲစာရင်းတွေ မှန်ကန်အောင် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရွေး/ကော်ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 5 Views
စက်တင်ဘာလ (၇)ရက်။ မဲစာရင်းတွေ မှန်ကန်အောင် နည်းပညာနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရွေး/ကော်ဥက္ကဋ္ဌ ဦးကိုကိုက မနေ့ကပြုလုပ်တဲ့ ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်(CVLMS) အဆင့်မြှင့်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ CVLMS စနစ်ကို နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး၊ ပြည်နယ်၊
မြန်မာသတင်း

သန်းခေါင်စာရင်းမကောက်နိုင်တဲ့ နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး ရသမျှကောက်ဖို့ စစ်ခေါင်းဆောင် ညွှန်ကြားထား

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ သန်းခေါင်စာရင်းမကောက်နိုင်တဲ့ နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး ကာလသတ်မှတ်ကာ ရသမျှကောက်ယူဖို့ ညွှန်ကြားထားတယ်လို့ ဒုစစ်ခေါင်းဆောင် စိုး၀င်းရဲ့ မနေ့က ဗဟိုသန်းခေါင်စာရင်းကော်မရှင်အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာလ (၁)ရက်နေ့ကစပြီး (၁၅)ရက်နေ့အထိ သတ်မှတ်လုပ်ဆောင်မှာဖြစ်သလို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲမြို့က စစ်ကောင်စီရဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကြီးကို AA အပြီးသတ်သိမ်းယူနိုင်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 6 Views
စက်တင်ဘာလ (၇)ရက်။ စက်တင်ဘာလ (၅)ရက်နေ့ ညနေ (၆)နာရီအချိန်မှာ သံတွဲမြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးဖြစ်တဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သံတွဲမြို့နယ်ထဲက ဖက်ဆစ်စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးတစ်ခုဖြစ်တဲ့