အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ Monterrey ပန်းခြံအနီးနားရှိ ကလပ်တစ်ခုတွင် သေနပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူကိုးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ထိုနေရာသည် အာရှတိုက်သားများ နေထိုင်ရာနေရာဖြစ်ပြီး တရုတ်နှစ်သစ်ကူး ပွဲတော်ကို ကျင်းပခဲ့သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြသည်။
သံသယရှိသူသည် အမျိုးသားဖြစ်ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ကြေညာသော်လည်း ဖမ်းဆီးထားခြင်း ရှိမရှိ မသိရသေးပေ။
သံသယရှိသူတွင် စက်သေနတ်တစ်လက်နှင့် ခဲယမ်းမီးကျောက်များ ပါရှိသည်ဟု မျက်မြင်သက်သေများ၏ သတင်းပေးပို့ချက်များအရ သိရသည်။
Source: ကျိုဒို/အေပီ။
ဓာတ်ပုံ။ CNN