နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူ ဂုန်ညင်းရှိုရွာကို ခြေမြန်တပ်ရင်း (၃၆၃) က နှစ်ရက် ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ဒေသခံများနေအိမ် (၁၁)လုံး မီးလောင်ဆုံးရှုံး

ကန့်ဘလူမြို့နယ် ၊ဂုန်ညှင်းရှိုရွာ ကိုးတောင်ဘို့အထိုင် စစ်ကောင်စီလက်အောက်ခံ ခြေမြန် တပ်ရင်း (၃၆၃) က ဇန်နဝါရီ (၂၂) ရက်နှင့် (၂၃ )ရက်နေ့တို့မှာ အင်အား ၅၀ ခန့်နဲ့ နှစ်ရက် ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ Photo -CJ

အဲဒီလိုမီးရှို့ခဲ့တဲ့အတွက် ပြည်သူပိုင် နေအိမ် (၁၁) လုံး မီးလောင်ပြာကျခဲ့ပါတယ်။ ကန့်ဘလူမြို့နယ် ညောင်ဇင်လေး (အ နောက်) ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို Kanbalu Underground Warrios၊ MPF U-18၊ လင်းယုန်နီ၊ စွန်ရဲ PLGF နဲ့ ကန့်ဘလူတောင်ခြမ်း ဒေသခံ ပကဖ အဖွဲ့​တွေက ဇန်နဝါရီ ၂၃ ရက် ည ၉ နာရီ ၄၅ မိနစ်အချိန်မှာပူး ပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်။

စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးပါဘူး။ ဂုန်ညှင်းရှိုရွာဟာ အိမ်ခြေ စုစု ပေါင်း ၁၅၀ ရှိပြီး နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄ လုံးနှင့် တဲ ၁ လုံး မီးလောင်ပြာကျခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံက သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ ဗုံး (၃)ကြိမ် ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 13 Views
ဇူလိုင်လ (၂၈)ရက်။ မနေ့က ည (၁၁)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ပန်ပေါင်းရွာကို စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ ဗုံး (၃)ကြိမ်
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ရှောင်နေရာကို စစ်ကောင်စီ ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 15 Views
ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်က နွားထိုးကြီးမြို့ရှိ မျက်ရှုရွာအနီးရှိ စစ်ဘေးရှောင်နေရာတခုကို စစ်ကောင်စီက ဒရုန်းနဲ့
မြန်မာသတင်း

တပတ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦး အလင်းဝင်ခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် အများဆုံးပါဝင်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 20 Views
ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၁၅)ရက်နေ့ကနေ (၂၁)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်-People’s Goal ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးမှာ စစ်သား (၄၂)ဦးနဲ့ ရဲ (၁)ဦးတို့ဖြစ်ပြီး
မြန်မာသတင်း

မူးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်‌သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 16 Views
စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦးကျော်သေဆုံးပြီး (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန် ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၂၅)ရက်နေ့က မူးမြို့နယ် ရင်းတိုက်ကုန်းရွာနဲ့ လည်ပတ်ရွာတို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

CNC-Matupi ဟာ မတူပီပြည်သူလူထုကို လုံးဝကိုယ်စားမပြုဘူးလို့ MRO/CDF-Matupi ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 27 Views
ဇူလိုင်လ (၂၆)ရက်။ ချင်းအမျိုးသားကောင်စီ-မတူပီ(CNC-MATUPI)ဟာ ချင်းပြည်သူလူထုကို လုံးဝ(လုံးဝ)ကိုယ်စားမပြုဘူးလို့ MRO/CDF-MATUPI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချင်းပြည်အရေး၊ မြန်မာ့အရေးမှာ MRO/CDF-MATUPI အမည်နာမတခုထဲနဲ့သာ ဆက်လက်ပါဝင်နေပြီး ICNCC/CB ကို ကောင်စီဝင်တွေ/အဖွဲ့ဝင်တွေ စေလွှတ်တဲ့အခါ MRO/CDF-MATUPI
မြန်မာသတင်း

ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးအထိသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 27 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က ပုလောမြို့ ဇရပ်ဆိပ်ရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတာအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ည (၁၀)နာရီ (၂၀)မိနစ်အချိန်က ဇရပ်ဆိပ်ရွာရှိ
မြန်မာသတင်း

TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲဝင်လာတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 21 Views
ဇူလိုင်လ (၂၆)ရက်။ ဇူလိုင်လ (၁၇)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲ ဝင်လာခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဇူလိုင်လ
မြန်မာသတင်း

GZA ကို ယောဒေသထဲက မောင်းထုတ်ဖို့ ဂန့်ဂေါမြို့နယ် ပသုံးလုံးက တောင်းဆိုတာတွေရှိနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 20 Views
ဇူလိုင်လ (၂၃)ရက်။ Generation Z Army(GZA)ကို ယောဒေသထဲ ဆက်လက်နေထိုင်ခွင့်မပြုဖိုဆိုပြီး ဂန့်ဂေါနဲ့ ထီးလင်းမြို့ရှိ ပအဖနဲ့ ပကဖတာဝန်ခံတွေက ဂန့်ဂေါခရိုင်-PDF ထံ ဇူလိုင်လ (၁၉) ရက်နေ့မှာ တင်ပြတောင်းဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို တင်ပြတာကို