မြန်မာစစ်တပ်ကို လက်နက်တွေရောင်းချတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နဲ့ အိန္ဒိယ ကုမ္ပဏီနှစ်ခုကို နော်ဝေဓနသဟာရ ရန်ပုံ ငွေအဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံမှုစာရင်းကနေ အမည်ပျက်စာရင်းသွင်းပြီး အရေးယူလိုက်တယ်လို့ ဇန်နဝါရီ (၂၅) ရက်မှာ နော်ဝေဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ တရုတ်နိုင်ငံ AviChina ကုမ္ပဏီကနေ အပေါ့စား တိုက်လေယာဥ် နဲ့ အိန္ဒိယ Bharat Electronics ကုမ္ပဏီဆီက အဝေးထိန်းစနစ်သုံး လက်နက်တွေကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်နဲ့ ဒီဇင်ဘာတို့က မှာယူတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီကိစ္စမှာ မြန်မာစစ်တပ်ဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒါမှမဟုတ် စနစ်တကျ ကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေတဲ့အတွက်ကြောင့် နော်ဝေနိုင်ငံအနေနဲ့ လက်ခံနိုင်စရာမရှိတဲ့အတွက် အခုလိုမျိုး ရင်းနှီးမြှုပ်နှံမှုစာရင်းကနေ ပယ်ဖျက်အရေးယူလိုက်တာလည်း ဖြစ်ပါတယ်။
ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒါမှမဟုတ် စနစ်တကျ ကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ် သက်တဲ့ဘယ် ကုမ္ပဏီကိုမဆို ခုလိုအရေးယူမှု ပြုလုပ်သွားမှာ ဖြစ်တယ်လို့ နော်ဝေဗဟိုဘဏ်က ပြောကြားထားတယ်လို့ သိရပါတယ်။ တရုတ်နဲ့ အိန္ဒိယ ကုမ္ပဏီနှစ်ခုရဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်မှာ ကန်ဒေါ်လာ ၁.၃ ထရီလီယံ ရှိပါတယ်။