၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ ဘယ်သူတွေ အောင်ပွဲဆင်ကြမလဲ?
၂၃။“TURNING RED” (အနီရောင်သို့ပြောင်းလာခြင်း)
အကောင်းဆုံး ကာတွန်းရုပ်ရှင်အဖြစ် ဆန်ခါတင် ရွေးချယ်ခံရသည်။ (အနီရောင်သို့ပြောင်းလာခြင်း) “Turning Red” သည် အမျိုးသမီးတစ်ဦးတည်းသာ ရိုက်ကူးသည့် ပထမဆုံး ပစ်ဆာ (Pixar) ရုပ်ရှင်ဖြစ်သည်။
အော်စကာဆုရ “Bao” အတိုချုံးကို ရိုက်ကူးခဲ့သူ ဒိုမီ ရှီ(Domee Shi) မှ ဦးစီးဖန်တီးထားသည်။ ကာတွန်းရုပ်ရှင်တွင် လူလားမြောက် အပျိုဖော်ဝင်လာပြီ ဖြစ်သည့် ၈ တန်းကျောင်းသူ တရုတ်မလေး တယောက်အနေမှ ကြီးမားသည့် အနီရောင်ပန်ဒါ ဝက်ဝံကြီးဘဝသို့ ပြောင်းလဲသွားသည့် ကာတွန်းဇာတ်ကားဖြစ်သည်။
ဤဇာတ်ကားသည် အကောင်းဆုံး ကာတွန်းရုပ်ရှင်ဇတ်ကားအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သည်။