နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝက်လက်ဒေသရှိ ရွာ(၄)ရွာကို အကြမ်းဖက်စစ်တပ်က တနေ့တည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီး (ရုပ်/သံ)၊ အသက်(၁၇)နှစ်အရွယ်လူငယ်တဦးကို စစ်တပ်က ပစ်ခတ်

စစ်ကိုင်းတိုင်း ၀က်လက်မြို့နယ်အတွင်းရှိ ရွာ (၄)ရွာကို အကြမ်းဖက် စစ်ကောင်စီက မီးရှိုံ့ဖျက်ဆီးခဲ့ပြီး လူငယ်တဉီးကို ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်ကျားကြီး (Bo Tiger) တပ်ဖွဲ့က ဗိုလ်နေမင်းက ခေတ်မျက်လုံး သတင်းဌာနကို ပြောကြားလာပါတယ်။

ဝက်လက်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် အပါအဝင် ပျူစောထီး အဖွဲ့အင်အား (၈၀) ကျော်ဟာ ဒေသခံများနေထိုင်ရာကျေးရွာများအတွင်းကို ဇန်နဝါရီ (၃၀) ရက်က လက်နက်ကြီး ၊ လက်နက်ငယ်များနဲ့ ပစ်ခတ်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ဒါ့အပြင် အသက် (၁၇)နှစ်အရွယ်လူငယ်တဉီးကိုလည်း အကြောင်းမဲ့ ပစ်ခတ်ကြတဲ့ အတွက် သေဆုံးခဲ့ရတယ် လို့သိရပါတယ်။ ဝက်လက်နယ်အတွင်းက အောင်တက်ကုန်း ၊ သဖန်းကုန်း ၊ ဖက်သန်းကြီး ၊ ကော်တုံရွာ စတဲ့ရွာ(၄)ရွာကို တနေ့တည်း မီးရှိုဖျက်ဆီးခဲ့ကြတယ်လို့ ဗိုလ်ကျားကြီး(Bo Tiger) တပ်ဖွဲမှ ဗိုလ်နေမင်း က ခေတ်မျက်လုံးသတင်း ဌာနကို ပြောကြားခဲ့ တာပါ။

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှိဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ဖက်သန်း ကြီးရွာနဲ့ အိမ်ခြေ ၄၀၀ ခန့်ရှိသော ကော်တုံရွာ ၊ အောင်တက် ကုန်းရွာတို့ မှာ တရွာလုံးနီးပါး မီး လောင်ပျက်စီးခဲ့ရပြီး ၊ ဒေသခံရွာသူ၊ ရွာသူအမြောက် အ များလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရ တယ်လို့သိရပါတယ်။

ဝက်လက်မြို့နယ်ရှိ ရွာတွေကို အကြမ်းဖက် စစ်ကောင် စီ က ပြီးခဲ့တဲ့ ဇန်နဝါရီ အတွင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ အိမ်ခြေ ၂၀၀၀ နီးပါး မီးလောင် ဆုံး ရှုံးခဲ့ ရတယ်လို့ Wetlet Informational Network အဖွဲ့ကလည်းထုတ်ပြန် ထားပါတယ်။

စစ်ကောင်စီရဲ့ အခုလို မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဝက်လက်‌ဒေသမှာ အခြား မသိရှိနိုင်သေးတဲ့ပျက်စီးဆုံရှုံးမှုတွေ ရှိနေသေးတယ်လို့လည်း Wetlet Informational Network က ဆိုထားပါတယ်။ ဝက်လက်ဒေသကာကွယ်ရေးတပ်ဖွဲ့အနေနဲ့အကြမ်း ဖက် စစ်သားများကို ခုခံတိုက်ခိုက်လိုသော်လည်း လက်နက်ကြီး ကျည် အားနည်းနေတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အမျိုသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြီးခဲ့သည့်လများအတွင်းက အခြားသော PDF အဖွဲ့များကို လက်နက်များ ကိုယ်တိုင်သွားရောက်တပ်ဆင်ပေးနေသော်လည်း အချို့သောနေရာများတွင် မြေပြင် အနေအထားများအရ အခက်အခဲများရှိ ရှိနေသေး‌သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၅၀၀)စာရင်းထွက်ပေါ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 36 Views
စက်တင်ဘာလ (၁၇)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၄၈၉)ဦးစာရင်းဟာ ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာခဲ့တယ်လို သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေး ငွေကျပ် သိန်း(၉၀)အထိ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ကောက်ယူနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 44 Views
စက်တင်ဘာလ (၁၇)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ဆိုသူက မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေးအနေနဲ့ ငွေကျပ်သိန်း(၉၀)အထိ ခြိမ်းခြောက်ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးထံ သတင်းပေးပို့ချက်တွေအရ
မြန်မာသတင်း

မတ္တရာမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 37 Views
စက်တင်ဘာလ (၁၇)ရက်။ မနေ့က နေ့လယ် (၁)နာရီကျော်အချိန် မတ္တရာမြို့ရှိ ဒီယာရွာနဲ့ ဥက္ကံရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၃)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မတ္တရာ အရှေ့မြောက်ခြမ်းက ဒီယာရွာအနီးနဲ့ ဥက္ကံရွာအနီးကို
မြန်မာသတင်း

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့်ကျင့်ဝတ်တွေဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 33 Views
စက်တင်ဘာလ (၁၇)ရက်။ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး/ကော်က မနေ့ကရက်စွဲနဲ့ အမိန့်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ ရွေး/ကော်ရဲ့ထုတ်ပြန်ချက်ထဲ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေအနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို၊ ဘက်မလိုက်ဖို၊ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံအားပေးတာ၊ ဆန့်ကျင်တာနဲ့
မြန်မာသတင်း

ရွှေမှော်ကပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 93 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့မှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ကျွန်‌တော်တို့က စက်တင်ဘာ
မြန်မာသတင်း

အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချသူတွေကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 78 Views
စက်တင်ဘာလ (၁၆)ရက်။ အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ အမျိုးသမီး (၁)ဦးနဲ့ အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ဖမ်းဆီးခဲ့သူတွေဟာ မန္တလေး ချမ်းမြသာစည်မြို့မှာ စံထိုက်သီ
မြန်မာသတင်း

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 81 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန် ကျောက်တံတားမြို့ရှိ မြို့တော်ခန်းမမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုတာတွေအရ သိရပါတယ်။ “ ဟုတ်တယ်၊ မနက် (၆)ခွဲကျော်လောက် ဆူးလေဘုရားလမ်းဘက်ခြမ်းက မြို့တော်ခန်းမဘက်မှာ ဗုံးကွဲတာ။
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး(၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 90 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၇)နာရီကျော်အချိန်က မိုးကုတ်မြို့အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို