နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူ့စစ်တပ်ဖွဲ့က ခေါ်ယူထားတဲ့ တအာင်းတိုင်းရင်းသား ၁၂၇ ဦးကို TNLA ကယ်ထုတ်

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းက အိမ်ခြေ (၆၀၀) ဝန်းကျင်ရှိတဲ့ ဂျာယန်ကျေးရွာ ပြည်သူ့စစ်စခန်းမှာ လူသစ်အဖြစ်စုဆောင်းခံရပြီး သင်တန်ပေးခံနေရတဲ့ တအောင်းပလောင် တိုင်းရင်းသား (၁၂၇) ဉီးကို တအာင်း အမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA က ဖေဖေါ်ဝါရီ (၄) ရက်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တအာင်းတိုင်းရင်းသားတွေဟာ ဂျာယန်၊ မန်ကောင်း၊ နမ့်မောအပါဝင် အခြားကျေးရွာ အချို့ ကဖြစ်တယ်လို့သိရပြီး ကျောင်းနေ အရွယ်အပါအဝင် အသက် (၈) နှစ်ကနေ (၁၇) နှစ် အထိ ကလေး (၂၀) ဦး၊ အမျိုးသမီး (၁၅) ဦးနဲ့ တခြား အရွယ် (၉၂) ဦး၊ စုစုပေါင်း (၁၂၇) ဦးဖြစ်တယ်လို့ သိရပါတယ်။

ဂျာယန် ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ စစ်သားစုဆောင်းခံရတဲ့ ကလေး မိဘတွေကိုယ်တိုင်က သူတို့အုပ်ချုပ်ရေးဌာနကို လာရောက်တိုင်ကြားခဲ့တာကြောင့် အခုလို ကယ်ထုတ်ခဲ့တာလို့ TNLA က ပြောကြားထားပါတယ်။ ကယ်ထုတ်ခံရတဲ့ တအာင်းတိုင်ရင်းသားတွေကို ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက ပြည်သူ့စစ်အဖြစ် သွတ်သွင်းဖို့ ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့ က လူကောက်ယူခဲ့တာ ဖြစ်ပြီး အခုရက်ပိုင်းအတွင်း သင်တန်းပေးနေချိန် TNLA တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပါတယ်။

ပြည်သူ့စစ်စခန်းကို TNLA တပ်ဖွဲ့က ဝင်ရောက်တဲ့နေ့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ် ယာဉ်နဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။ တိုက်ပွဲကြောင့် မန်ကောင်းနဲ့ အနီးအနား ရွာကဒေသခံ ၁၀၀ ကျော်ဟာ လယ်ကွင်းတွေနဲ့ နီးစပ်ရာကျေးရွာကို ထွက်ပြေးခဲ့ရတယ်လို့ သူကပြောပါတယ်။

အဲဒီနေ့က TNLA ဘက်က သွားရောက်ခေါ်ထုတ်ချိန်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ အကြိမ် ၃၀ လောက်အထိ ပြည်သူ့စစ်တပ်ဖွဲ့ဘက်ကနေ ပစ်ကူပေးခဲ့တယ်လို့ TNLA တပ်ဖွဲ့က ပြောကြားထားတာပါ။ TNLA တပ်ဖွဲ့က စခန်းကို ဝင်ရောက်ခဲ့ချိန်မှာ ဂျာယန် ပြည်သူ့စစ်တပ်ဖွဲ့ဝင် မိသားစုတွေရဲ့ ကလေးနဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်အပါအဝင် ရွာသား ၅၀ နီးပါးကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး စခန်းထဲကို ဝင်ရောက်ခဲ့တာကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တာမျိုး မလုပ်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

ဦးမထုနော် ဦးဆောင်တဲ့ ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဟာ ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KIA ကနေခွဲထွက်ပြီး ၁၉၉၁ မှာ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတာပါ။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း ကောင်းခါးဒေသမှာ မြန်မာငွေ ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးမျိုးစုံ ဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်း ခေါင်းဆောင်အချို့ ထိန်းသိမ်းခံရပြီး ၂၀၂၀ မတ်လနောက်ပိုင်းကစလို့ ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။

လက်ရှိမှာတော့ ဖျက်သိမ်းလိုက်တဲ့ ကောင်းခါး ပြည်သူ့စစ်တပ်ဖွဲ့ကိုးဖွဲ့ထဲက ကောင်းခါးပြည်သူ့ စစ်ကို မန်ပြိန် ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့ပြီး ယခင်ရှိနေတဲ့ မန်ကျယ်၊ ဂျာယန်၊ မိုင်းလီ၊ ဖောင်းဆိုင်(၂) စတဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေကိုတော့ မူလအတိုင်းပဲဖွဲ့ စည်းထားပါတယ်။

ဂျာယန်ကျေးရွာဟာ အိမ်ခြေ ၆၀၀ ရှိတာဖြစ်ပြီး အိမ်ခြေ ၂၀၀ လောက်မှာ ကချင်တိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။ ဂျာယန်ပြည်သူ့စစ်ကို ၁၉၉၁ မှာဖွဲ့စည်းပြီး အဲဒီဒေသခံတွေဟာ ယခင်ကတည်းက ပြည်သူ့စစ်အဖြစ် လူသစ်စုဆောင်းတာကို ခံခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ တာဝန်ထမ်းဆောင်တဲ့ အထဲမှာ တအာင်း ပလောင်တိုင်းရင်းသား အရာရှိတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အတွင်းက ဂျာယန်ကျေးရွာ အပါအဝင် ကျေးရွာအချို့မှာ TNLA တပ်ဖွဲ့အပြင် ကိုကန့် MNDAA ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့တွေပါ ပူးတွဲ လှုပ်ရှားလေ့ရှိပြီး စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့ ဝင်တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားလေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။


NEWS – CREDIT – RFA | PHOTO – CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခုခံ‌တွန်းလှန်စစ် (၄)နှစ်တာထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးကို ပစ်ချနိုင်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 26 Views
စက်တင်ဘာလ (၉)ရက်။ ပြည်သူ့ခုခံတွန်းလှန်စစ် (၄)နှစ်တာကာလထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ MOD က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ
မြန်မာသတင်း

ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံထဲ မြန်မာပါဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 25 Views
စက်တင်ဘာလ (၉)ရက်။ အခုနှစ်ထဲ ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေအပေါ် တိုက်ခိုက်တာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံစာရင်းထဲ မြန်မာပါဝင်တယ်လို့ ယူကေသံရုံးရံ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

CRPH နဲ့ NUG တို့ကြောင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရတာဆိုပြီး စစ်ကော်မရှင်စွပ်စွဲ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 27 Views
စက်တင်ဘာလ (၉)ရက်။ CRPH နဲ့ NUG တို့ရဲ့ နှောင့်ယှက်တာတွေကြောင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရတာဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာကနေ စွပ်စွဲပြောဆိုထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ CRPH နဲ့ NUG တို့ဟာ
မြန်မာသတင်း

ပုလောမြိုမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 53 Views
စက်တင်ဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ပုလောမြို ထမင်းမစားရွာမှာ တပ်စွဲထားတဲ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို ပုလော-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုသိမ်းနိုင်ခဲ့တဲ့ စစ်တပ်စခန်းက ထမင်းမစားရွာထဲ တပ်စွဲထားတဲ့စခန်းပါ။ အဲ့ဒီစခန်းမှာ
မြန်မာသတင်း

ကန့်ဘလူမှာ လှည့်ကင်းထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 47 Views
စက်တင်ဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်ခန့်က ကန့်ဘလူမြိုမှာ လှည့်ကင်းထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၇)ဦးခန့်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ လှည့်ကင်းထွက်လာတဲ့ ဖက်ဆစ်စစ်တပ်နဲ့ ပျူစောထီး
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်ပူပန်တယ်လို NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 48 Views
စက်တင်ဘာလ (၈)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး နက်ရှိင်းစွာ စိုးရိမ်ပူပန်မိတယ်လို NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသတာမရဘူးလို
မြန်မာသတင်း

သပိတ်ကျင်းမှာ စာသင်တဲ့အိမ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ကလေးငယ်(၁)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 67 Views
စက်တင်ဘာလ (၈)ရက်။ ‌မနေ့က နေ့လယ် (၂)နာရီခန့်မှာ သပိတ်ကျင်းမြို့ ကျောက်ဖြူရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သပိတ်ကျင်းမြို့ ကျောက်ဖြူရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း(၅၀၃+)ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 64 Views
စက်တင်ဘာလ (၈)ရက်။ ၂၀၂၄ခုနှစ် ဧပြီလ ဒုတိယအပတ်ကစပြီး အခုနှစ် စက်တင်ဘာလ (၅)ရက်အထိ စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း(၅၀၃+)ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်း