နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါ ရခိုင်စစ်ဘေးရှောင်များကို ကူညီထောက်ပံ့၊ နှစ်ဘက်တပ်များ အပစ်အခတ်ရပ်ဆဲထားခြင်းကို ဆက်လက်ထိန်းသိမ်းထားဖို့ တိုက်တွန်းပြောကြားခဲ့

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန်အတွက် နှစ်ဖက်တပ်များအကြား နား လည်မှုနှင့် ရပ်တန့်ထားတဲ့ တည်ငြိမ်မှုကာလကို ဆက်လက်ထိန်းသိမ်းထားကြဖို့ ဂျပန်နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါက ပြောကြားလိုက်တယ်လို့ သိရပါတယ်။

ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါဟာ ရခိုင်ပြည်နယ်ကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရန်အတွက် ရခိုင်ပြည်နယ်ကို တတိယအကြိမ်အဖြစ် ဖေဖေါ်ဝါရီ (၄) ရက်က ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မစ္စတာဆာဆာကာဝါက စစ်ကောင်စီနဲ့ အေအေတို့အကြား နားလည်မှုနဲ့ ရပ်တန့်ထားသော အပစ်အခတ်ရပ်စဲရေးရဲ့ တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထားကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ (AA) ပြောခွင့်ရသူ ဦးခိုင်သုခကရဲ့ ပြောကြားချက်အရသိရပါတယ်။

ဓာတ်ပုံ။ Arakan Princess Media

မစ္စတာဆာဆာကာဝါနဲ့ ရက္ခိုင့်တပ်တော် (AA) ၏ နိုင်ငံရေးမှူး ဦးဦးလှစောတို့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် ရခိုင်စစ်ရှောင်စခန်းမှ ကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ဖို့ အတွက်ကိုလည်း ကြိုးပမ်းကူညီသွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။ မစ္စတာဆာဆာကာဝါဟာ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း မြောက်ဦးမြို့ရှိ မြတန် ဆောင်း စစ်ဘေးရှောင်စခန်း၊ မြို့သစ်စစ်ဘေးရှောင်စခန်း၊ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းနဲ့ တိမ်ညိုစစ်ဘေးရှောင် စခန်းတို့ကို သွားရောက်ခဲ့ပါတယ်။

ဓာတ်ပုံ။ Arakan Princess Media

နိပွန်ဖောင်ဒေးရှင်းက စစ်ဘေးရှောင်တစ်ဦးလျှင် စောင်တထည်နှုန်းနဲ့ ထောက်ပံ့ ပေးခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ အတွက် ရက္ခိုင့်တပ်တော် (အေအေ) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလနှောင်းပိုင်းမှ စတင်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို ယာယီရပ်စဲထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တွေတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့်ခွာထွက်ပြေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 3 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုလဆန်းပိုင်းကစပြီး AA ထိုးစစ်ဆင်နေတဲ့ စစ်တွေမြို့တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့် ထွက်ပြေးနေကြတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

စလင်းမြို့မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို ဖမ်းဆီးကာ ရွာတွေကို မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 8 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က စလင်းမြို့ ပန်းတိမ်ကုန်းရွာကို အင်အား (၂၀၀)ခန့်နဲ့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 7 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်တပ်စစ်ကြောင်းက အင်အား (၂၀၀)လောက်နဲ့ ကျောက်ပန်းတောင်းကနေ တောင်သာကို မဲရုံလုံခြုံရေးပေးဖို့လာတာ။
မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်က ဆင့်ခေါ်သတိပေးခဲ့တယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 4 Views
ဇန်နဝါရီလ (၁၉)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်သတိပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်ရှိ တီမောသံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာကို စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက
မြန်မာသတင်း

ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ပါ့မလား?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 37 Views
အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၃၀) ရွေးကောက်ပွဲကိုလူထုကစိတ်ဝင်စားမှုမရှိတာ၊ ရွေးကောက်ပွဲကလွတ်လပ်မျှတမှုမရှိတာ၊ လွတ်လပ်စွာစည်းရုံးလှုံဆော်ခွင့်မရတာ၊ ကြံခိုင်ရေးပါတီအနိုင်ရအောင် ပုံစံချလုပ်ထား တာတွေ နောက်မှာပြုလုပ်တဲ့ရွေကောက်ပွဲအတုအယောင်ကနေ ဒီမိုကရေစီအစိုးရ တရပ် ပေါ်ထွန်းလာနိုင်ပါ့မလားဆိုတာကို ဒီအပတ်တနင်္ဂနွေနေ့ ဇန်နဝါရီလ ၁၈ရက်နေ့ ည မြန်မာစံတော်ချိန် ည ၇နာရီခွဲမှာခေတ်မျက်လုံးရဲ့
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တွေကြောင့် ပြည်သူ (၁၀၀၀)ကျော် တိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 32 Views
ဇန်နဝါရီလ (၁၇)ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ‌ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက သိရပါတယ်။ “ ဝမ်ပေါင်ယန်စီကုမ္ပဏီနားက ရွာကို ယန်စီကုမ္ပဏီထဲက စကမစစ်ကြောင်းက အင်အား (၁၀၀)ကျော်လောက်နဲ့
မြန်မာသတင်း

(၄)လတာတိုက်ပွဲထဲ CDF-KKG ရဲဘော် (၁၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 31 Views
ဇန်နဝါရီလ (၁၇)ရက်။ ၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲတွေမှာ ရဲဘော် (၁၂)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေထဲ ကျဆုံးခဲ့သူတွေဟာ CDF-KKG တပ်ရင်း(၁)က တပ်စုမှူးနဲ့
မြန်မာသတင်း

မြစ်ဆုံဆည်က လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 30 Views
ဇန်နဝါရီလ (၁၇)ရက်။ မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းက လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များက မနေ့က သဘောထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘူမိသိပ္ပံပညာရှင်တွေက သဘောထားထုတ်ပြန်တာမှာ မြစ်ဆုံဆည်ဆောက်လုပ်ဖို့ လုံးဝမသင့်တော်တာကို အချက် (၈)ချက်နဲ့ အကြံပြုထားပါတယ်။ အဲ့ဒီအချက်တွေထဲ မြစ်ဆုံဒေသဟာ