နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မကွေးလေတပ်နဲ့ လက်နက်စက်ရုံ တို့ ရှော့ခ်တိုက်ဒုံးနဲ့တိုက်ခိုက်ခံရ

မကွေးလေတပ် နဲ့ လက်နက်စက်ရုံ ကပစ (၂၅) တို့ကို ‌ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းက PDF – မကွေးတပ်ဖွဲ့က ရှော့ခ်တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့‌ကြောင်းသိရပါတယ်။ အဲဒီပစ်ခတ်တိုက်ခိုက်မှုကို မကွေး ပြည်သူ့ကာကွယ်ရေးတပ် – မကွေးခရိုင် PDF အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ထားချက်အရသိရပါတယ်။

Photo – Magway PDF

မကွေးလေတပ်စခန်းဌာနချုပ်နဲ့ လက်နက်စက်ရုံ ကပစ (၂၅) တို့ကို ရှော့တိုက်ဒုံး (၅)လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှော့တိုက်ဒုံး ၃လုံး ထိရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီးကျည် ၂ လုံးနဲ့ လည်းထပ်မံပစ်ခတ်တိုက်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီ (၁၀) ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လက်နက်စက်ရုံထဲကို လက်နက်ကြီးတွေနဲ့ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Photo – Magway PDF

အခု ပစ်ခတ်တိုက်ခိုက်မှုအတွက် ထိခိုက် သေဆုံးအခြေအနေတွေကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ လက်နက်ကြီးထိမှန်မှုကြောင့် စစ်ကောင်စီတပ်တွေက အနီးအနားကရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေပြုလုပ်နေတဲ့အတွက် ဒေသခံတွေလည်း ဘေးလွတ် ရာကိုတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၃၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကင်းပုန်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 22 Views
ဩဂုတ်လ (၁၃)ရက်။ မနေ့က နံနက် (၉)နာရီအချိန် မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Myingyan
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 20 Views
ဩဂုတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ပင်ပေါရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး
မြန်မာသတင်း

ပလက်ဝကို AA က အုပ်ချုပ်ရေးဖော်ဆောင်တာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 35 Views
ဩဂုတ်လ (၁၃)ရက်။ ချင်းပြည်နယ် ပလက်ဝမြို့ကို AA က ခရိုင်တခုအနေနဲ့ ထည့်သွင်းပြီး အုပ်ချုပ်ရေးဖော်ဆောင်နေတာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ Chin Civic Movement(CCM)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ
မြန်မာသတင်း

ဇူလိုင်လထဲ လူသားစာနာမှုအကူအညီအနေနဲ့ ကျပ်သန်း(၅၀၀)ကျော် ပံ့ပိုးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 24 Views
ဩဂုတ်လ (၁၃)ရက်။ ဇူလိုင်လထဲ လူသားစာနာမှုအကူအညီအနေနဲ့ ငွေကျပ် (၅၆၇.၆၄)သန်းကို အမှန်တကယ် လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီငွေကျပ်(၅၀၀)သန်းကျော်ဟာ တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူ အလှူငွေဖြစ်ကာ အဲ့ဒီအထဲ စစ်ဘေးရှောင်ပြည်သူ
မြန်မာသတင်း

တရုတ်ရဲ့ဩဇာလွှမ်းမိုးချုပ်ကိုင်တာက တော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 26 Views
ဩဂုတ်လ (၁၃)ရက်။ ကိုယ်ကျိုးစီးပွားတခုထဲကြည့်တဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်တာက တော်လှန်ရေးမှာ အကြီးမားဆုံး အခက်အခဲလို့ TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိူလ်ချုပ် တားဘုန်းကျော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမား‌ဆုံး အခက်အခဲ” ဆိုတဲ့ခေါင်းစဉ်နဲ့
မြန်မာသတင်း

မဲပေးသူ ဘယ်လောက်ရာခိုင်နှုန်းရှိမှ ‌ရွေးကောက်ပွဲ အောင်မြင်မယ်ဆိုပြီး ပြဋ္ဌာန်းထားတာမရှိဘူးလို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 22 Views
ဩဂုတ်လ (၁၃)ရက်။ ရွေးကောက်ပွဲဥပဒေမှာ မဲပေးသူ ဘယ်လောက်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မယ်ဆိုပြီး ပြဋ္ဌာန်းထားတာ မရှိဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကာ/လုံက စစ်ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးတာက ရွေးကောက်ပွဲ အောင်မြင်စွာ
မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၁၀၀၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MBT ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 41 Views
ဩဂုတ်လ (၁၂)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့ကစပြီး ဩဂုတ်လ (၁၀)ရက်နေ့အထိ မြင်းခြံမြို့အနီး ထိုးစစ်ဆင်လာတဲ့ အင်အား(၁၀၀၀)ခန့်ရှိ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်ကို စုဖွဲ့မှုပြိုကွဲကာ
မြန်မာသတင်း

ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 32 Views
ဩဂုတ်လ (၁၂)ရက်။ စစ်အာဏာရှင်တွေ ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၅)နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ စစ်တပ်က နိုင်ငံ့အာဏာကို အဓမ္မလုယူခဲ့တဲ့နောက်ပြီး တနိုင်ငံလုံးမှာရှိတဲ့ လူမျိုးတွေ၊