◼ စစ်တပ်က ရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်၊ သက်ကြီးရွယ်အို (၃)ဦး နှလုံးရပ် သေဆုံး
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျားရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်တာ ကြောင့် ဒေသခံပြည်သူများနေအိမ် (၁၀၀၀) ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီလို စီးနင်းမီးရှို့ခဲ့တာကြောင့် နေအိမ် ၁၀၀၀ ကျော် မီး လောင်ပြာကျခဲ့ရပြီး စစ်အုပ်စုက သေနတ်ဆက်တိုက်ပစ်ခတ်ပြီး ကျေးရွာအတွင်း ကို ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တဲ့အတွက် အသက်အရွယ် ကြီးရင့်သူ (၃) ဦး နှလုံးရပ်ကာ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။
ရွှေဘိုမြို့နယ် အတွင်းက ကျား တောင်ရွာ၊ ကျားမြောက်ရွာ၊ ကျားနောက်ရွာနှင့်ကျား အလယ်ရွာတို့ကို ညောင်ပင်သာရွာ စိုက်ပျိုးရေးကျောင်းမှ စစ်တပ် နဲ့ ပျူစောထီး အဖွဲ့တွေက ဖေဖေါ်ဝါရီ(၁၂) ရက်မှာ ဝင်ရောက် စီးနင်းမီးရှို့ခဲ့တာပါ။