နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အမေရိကန် အာရှ

အိန္ဒိယ ဘီလီယံနာတစ်ဦးကြောင့် BJP အာဏာရပါတီ၏ ဒီမိုကရေစီကို ထိခိုက်စေသည်ဟု အမေရိကန် ဘီလီယံနာက စွပ်စွဲ

အိန္ဒိယဘီလီယံနာ သူဌေးကြီး အာဒါနီ (Adani) နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီ (Modi) တို့၏ ရင်းနှီးသောဆက်သွယ်မှုနှင့်ပတ်သက်သည့် ဂျော့ခ်ျဆိုးရော့စ်၏ ပြောဆိုချက်များသည် အိန္ဒိယကို ရုတ်ရုတ်သဲသဲဖြစ်ခဲ့စေသည်။

အိန္ဒိယဘီလီယံနာတစ်ဦးကြောင့် BJP အာဏာရပါတီ၏ ဒီမိုကရေစီကို ထိခိုက်စေသည်ဟု အမေရိကန်ဘီလီယံနာက စွပ်စွဲသည်။ အတိုက်အခံ အိန္ဒိယကွန်ဂရက်ပါတီက ၎င်းကိစ္စတွင် ခပ်ကင်းကင်း နေနေခဲ့သည်။

အာဒါနီ အကျပ်အတည်းသည် ဝန်ကြီးချုပ် နရင်ဒရာမိုဒီ (Narendra Modi) ၏ အစိုးရအပေါ် လွှမ်းမိုးချုပ်ကိုင်ထားမှုအား သိသိသာသာ အားနည်းသွားစေမည်ဟု အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ချ်ဆိုးရော့စ်က ခန့်မှန်းဟောကိန်း ထုတ်လိုက်ခြင်းကြောင့် အိန္ဒိယတွင် မုန်တိုင်းတစ်ခု စတင်ဖြစ်စေခဲ့သည်။

၎င်း၏မှတ်ချက်များသည် အာဏာရနှင့် အတိုက်အခံ နှစ်ခုစလုံးမှ ဒေါသတကြီး တွန်းလှန်မှုများ ဖြစ်ပေါ်စေခဲ့ပြီး မိုဒီ၏ ဘဟာရာတီယာ ဂျန်နာတာ (Bharatiya Janata) ပါတီက အသက် (၉၂) နှစ်အရွယ် ရင်းနှီးမြှုပ်နှံသူ ဂျော့ခ်ျဆိုးရော့စ်သည် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် ဝင်ရောက် စွက်ဖက်ရန် ၎င်း၏ မကောင်းသော ရည်ရွယ်ချက်ကို ကြေညာလိုက်ပြီ ဖြစ်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် မြူးနစ်လုံခြုံရေး ညီလာခံမတိုင်မီ မိန့်ခွန်းတွင် ဝါရင့်ရင်းနှီးမြုပ်နှံသူ ဂျော့ခ်ျဆိုးရော့စ်က မိုဒီနှင့် စီးပွားရေး လုပ် ငန်းရှင် သူဌေးကြီး အာဒါနီတို့သည် “ရင်းနှီးသောမဟာမိတ်များ” ဖြစ်ကြပြီး ၎င်းတို့၏ကံကြမ္မာသည် “ရောယှက်နေသည်” ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“အာဒါနီသည် စတော့ရှယ်ယာ ခြယ်လှယ်မှုဖြင့် စွပ်စွဲခံရပြီး ၎င်း၏ စတော့ရှယ်ယာများသည် ကတ်ပြားများကဲ့သို့ ပြိုလဲသွားသည်” ဟု အခြေခံအဆောက်အအုံနှင့် စွမ်းအင်လုပ်ငန်းစုကြီး၏ ဘီလျံနာခေါင်းဆောင်ကို ပြောကြားခဲ့သည်။ “စတော့ရှယ်ယာ ခြယ်လှယ်ခြင်းနှင့် စာရင်းကိုင်လိမ်လည်မှု” ဖြင့် ပြီးခဲ့သည့်လက ရှယ်ယာများ အတက်အကျကို အရောင်း အဝယ်လုပ်သည့် အမေရိကန် US short-seller Hindenburg ၏ စွပ်စွဲချက်များကြောင့် အာဒါနီအုပ်စုကုမ္ပဏီများ၏ ရှယ်ယာများ ကျဆင်းသွားခဲ့သည်။

အဆိုပါအဖွဲ့သည် မှားယွင်းမှု မရှိကြောင်း ငြင်းဆိုထားပြီး အဆိုပါအစီရင်ခံစာကို “အိန္ဒိယနိုင်ငံအပေါ် တွက်ချက်ထားသော တိုက်ခိုက်မှုတစ်ခု” ဟု ခေါ်ဆိုခဲ့သည်။ နိုင်ငံ၏အကြီးဆုံးငွေချေးသူဖြစ်သည့် အိန္ဒိယနိုင်ငံတော်ဘဏ်နှင့် အသက်အာမခံကော်ပိုရေးရှင်း ကဲ့သို့သော အစိုးရပိုင်အဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံမှုများသည် အဆိုပါအရှုပ်တော်ပုံအား နိုင်ငံရေးရှုထောင့်တစ်ခုအဖြစ် ပေးဆောင်ခဲ့ပြီး အတိုက်အခံပါတီများက စုံစမ်းစစ်ဆေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသည်။

“မိုဒီက ဒီကိစ္စကို နှုတ်ဆိတ်နေပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ မေးခွန်းတွေကို လွှတ်တော်မှာ ဖြေကြားရမှာ ဖြစ်ပါတယ်” ဟု ဆိုရော့စ်က ပြောကြားခဲ့သည်။ “ဒါက အိန္ဒိယရဲ့ ဖက်ဒရယ်အစိုးရအပေါ် မိုဒီရဲ့ ချုပ်ကိုင်မှုကို သိသိသာသာ အား နည်းသွားစေပြီး အလွန်လိုအပ်နေတဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေးဖို့ တံခါးဖွင့်ပေးပါလိမ့်မယ်။ ကျွန်တော်ဟာ နုံအ,နိုင်ပေမယ့် အိန္ဒိယမှာ ဒီမိုကရေစီ ပြန်လည်ရှင်သန်လာဖို့ မျှော်လင့်ပါတယ်” ဟု ဂျော့ဆိုရော့စ် က ဆိုသည်။

အာဏာရ BJP ၏အကြီးတန်းခေါင်းဆောင်နှင့် မိုဒီအစိုးရ၏ဝန်ကြီး ဆန်ရိတီ အီရန်နီ (Smriti Irani) သည် ဆိုရော့စ်ကို ပြန်လည် တိုက်ခိုက်ရာတွင် ဆိုရော့စ်သည် “အိန္ဒိယဒီမိုကရေစီကို ချိုးဖျက်ရန် သူ၏ဆန္ဒကို ယခု ကြေငြာခဲ့သည်” ဟု ပြောကြားခဲ့သည်။ သူသည် အင်္ဂလန်ဘဏ်ကို ဖြိုခွင်းခဲ့သူဖြစ်ပြီး ၁၉၉၂ ခုနှစ်က ၎င်း၏ပေါင်ကိုဆန့်ကျင်ပြီးကစားခဲ့ခြင်းနှင့် အခြားအငြင်းပွားဖွယ်ရာ ဈေးကွက်ကစားနည်းများကို ရည်ညွှန်းကာ အချို့က “စီးပွားရေး စစ်ရာဇဝတ်ကောင်” အဖြစ် သတ်မှတ်ခံရကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

မိုဒီအစိုးရသည် နိုင်ငံအတွက် ခိုင်မာသောစီးပွားရေးအုပ်မြစ်ကို ဖော်ဆောင်နေပြီး လူသန်း ၈၀၀ အတွက် စားနပ်ရိက္ခာ ဖူလုံရေး ကြိုးပမ်းမှုအပါအဝင် လူမှုဖူလုံရေးအစီအစဉ်များကို ညွှန်ပြလုပ်ဆောင်နေတယ်လို့ အီရန်နီက ပြောကြားခဲ့သည်။ COVID-19 ကပ်ရောဂါကာလအတွင်း အိန္ဒိယနိုင်ငံ၏ “ကမ္ဘာ့ဆေးဆိုင်” အဖြစ် ဆေးများ ထုတ်လုပ်ရေးတွင် ပါဝင်ခဲ့သည် အခန်းကဏ္ဍကိုလည်း သူမက ချီးကျူးခဲ့သည်။ ဆိုးရော့စ်က “သူ့ရဲ့ လိုအပ်ချက်နဲ့ လိုက်လျောညီထွေဖြစ်စေမယ့် အစိုးရကို လိုချင်တာက သူ့ထုတ်ပြန်ချက်တွေက ထင်ရှားတာထက် ပိုပါတယ်” ဟု အီရန်နီက စွပ်စွဲခဲ့သည်။

အိန္ဒိယသည် ယခင်က “နယ်ချဲ့သမားတို့၏ ပုံစံထုတ်ထားမှုများ” ကို အနိုင်ယူခဲ့ပြီး မစ္စတာ ဆိုးရော့စ်ကို ထောက်ခံသူများသည် အိန္ဒိယတွင် ဒီမိုကရေစီ ရှင်သန်နိုင်ခဲ့ပြီး ဆက်လက်ရှင်သန်စွာလုပ်ဆောင်သွားမည်ကို သိရှိရန် လိုအပ်ကြောင်း သူမက ပြောကြားခဲ့သည်။

အာဒါနီပြဿနာအတွက် မိုဒီကို အပြင်းအထန် ဖိအားပေးနေသည့် အဓိက အတိုက်အခံ အိန္ဒိယအမျိုးသားကွန်ဂရက် ပါတီသည် ဆိုရော့စ်၏ မှတ်ချက်များနှင့် ခပ်ခွာခွာနေခဲ့သည်။ “ကျွန်ုပ်တို့၏ နေရူး (Nehruvian) အမွေအနှစ်သည် ဆိုရော့စ် ကဲ့ သို့ သောလူများက ကျွန်ုပ်တို့၏ ရွေးကောက်ပွဲရလဒ်များကို မဆုံးဖြတ်နိုင်စေရန် သေချာစေသည်” ဟု ကွန်ဂရက်ပါတီက ပြောကြားခဲ့သည်။ ကွန်ဂရက် အကြီးတန်းခေါင်းဆောင် ရာဟူးလ် ဂန်ဒီ (Rahul Gandhi) ၏ အဘိုးဖြစ်သူ ဂျာဝါဟာလာ နေရူး (Jawaharlal Nehru) သည် ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှ လက်အောက်မှ လွတ်မြောက်ပြီးနောက် အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

“ဝန်ကြီးချုပ်နဲ့ ချိတ်ဆက်ထားတဲ့ အာဒါနီရဲ့ လိမ်လည်မှုက အိန္ဒိယမှာ ဒီမိုကရေစီ ပြန်လည် နိုးထလာသလားဆိုတာ ကွန် ဂရက်လွှတ်တော်၊ အတိုက်အခံပါတီတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ် လုံးလုံးလျားလျား မူတည်နေပါတယ်” ဟု ဆက်သွယ်ရေးတာဝန်ခံ ကွန်ဂရက်လွှတ်တော်၏ အထွေထွေအတွင်းရေးမှူး ဂျာရန် ရာမက်ရှ် (Jairam Ramesh) က တွစ်တာတွင် ရေးသားခဲ့သည်။ “ဒီကိစ္စဟာ ဂျော့ချ်ဆိုရော့နဲ့ ဘာမှ မဆိုင်ပါဘူး”ဟုဆိုသည်။

ဘီလီယံနာသူဌေးကြီး ဂျော့ခ်ျဆိုးရော့စ် (George Soros) က အာဒါနီ ၏အရေးကိစ္စသည် ‘အိန္ဒိယဖက်ဒရယ်အစိုးရအပေါ် မိုဒီ၏ချုပ်ကိုင်မှုကို သိသိသာသာ အားနည်းသွားစေပြီး များစွာလိုအပ်နေသော အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန် တံခါးဖွင့်ပေးလိမ့်မည်’ ဟု ခန့်မှန်းထားသည်။

ဓာတ်ပုံမူပိုင်။ AP နှင့် Getty Images။

Nikkei Asia ၏ KIRAN SHARMA ရေးသားသည့် George Soros’ claims of Adani-Modi link spark uproar in India – BJP accuses billionaire of undermining democracy; Congress keeps its distance ကို ခေတ်မျက်လုံးက ဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော