နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း အာရှ

တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေး ဆွေးနွေး ◼ အာဆီယံရဲ့ ဘုံသဘောတူညီမှု (၅) ရပ် ကြေညာ ချက်ကို တရုတ် ထောက်ခံ

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းနိုင်ရေး ပူးပေါင်း လုပ်ဆောင်ကြဖို့ တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတွေက ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့အရေးကို ကူညီဖြေရှင်းနိုင်ဖို့နဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တော်ကို ဖေဖေါ်ဝါရီ (၂၂) ရက်က ရောက်ရှိလာပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးကိုထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားဟာ မြန်မာ့ ပြဿနာကို ထဲထဲဝင်ဝင် ကိုင်တွယ် ဖြေရှင်းဖို့ လိုလားကြောင်း သဘောထားမျိုးတွေ ပြသထားပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နှစ်ဦးရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာတော့ အင်ဒိုနီးရှားနဲ့ အာဆီယံတို့ဟာ တောင်တရုတ်ပင်လယ် ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ အခြေအနေမျိုးကို လိုလားကြောင်း ထည့် သွင်း ဖော်ပြထားပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြရာမှာလည်း အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ရပ် ကြေညာချက်ကို တရုတ် အစိုးရက အားပေး ထောက်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်း မာဆူဒီက ပြောကြားခဲ့ပါတယ်။

နိုင်ငံခြား​ရေးဝန်ကြီး နှစ်ဦးကိုတွေ့ရစဥ် ။

စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းဆီ ဦးတည်တဲ့ အာဆီယံ ဘုံသဘောတူညီမှုတွေကို အာဏာသိမ်း စစ်တပ်က လိုက်နာမှု မရှိသလို ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ဘာတိုးတက်မှုမှလည်း ဖြစ်မလာခဲ့ပါဘူး။

အာဆီယံ ဥက္ကဋ္ဌ အနေနဲ့အင်ဒိုနီးရှားဟာမြန်မာ့နိုင်ငံရေးမှာပါဝင်ပတ်သက်သူ အားလုံးနဲ့ ထိတွေ့ ဆွေးနွေးနိုင်ဖို့ ကြိုးစားမှာဖြစ်ကြောင်း၊ အဲဒီ အားထုတ်မှုတွေက မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စေ့စပ် ဆွေးနွေးမှုတွေ ပေါ်ထွန်းလာရေး ဖြစ်နိုင်ခြေ တစ်ခုတည်းကို ဦးတည်ရည်ရွယ်မှာ ဖြစ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

ချင်ဟာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူပြီး ၂ လအကြာမှာ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Reference : Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို