နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာရှိ စစ်တပ် လဝကရုံးကို RPG-7 နဲ့ အလစ်ဝင်ရောက်တိုက်ခိုက်၊ စစ်သားလေးဦး ပွဲချင်းပြီး သေဆုံး ◼ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လက်နက်ခဲယမ်းများလိုအပ်ချက် ရှိနေ

မုံရွာရှိ ညောင်ပင်စောက် လဝက ရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ကို RPG-7နဲ့ အလစ်ဝင်ရောက်တိုက်ခံရလို့ စစ်သား လေးဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။ မုံရွာမြို့ ညောင်ပင်စောက် လဝက ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၄ရက်က RPG-7 နဲ့အလစ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလဝကရုံး က စစ်သား လေးယောက် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေး တပ်ဖွဲရဲ့ က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီ ကို တိုက်ခိုက်နေတဲ့ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chlndwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ ရဲ့ တပ်ရင်းတပ်ခွဲတပ်ဖွဲ့တွေအတွက် အရေးပေါ် လက်နက် ခဲယမ်းတွေ လိုအပ်နေတယ်လို့ တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys ) ၊ မုံရွာခရိုင်တပ်ရင်း – ၄ တပ်ခွဲ – ၄ 5 / Teachers People Defense Force PDF တို့အပါအဝင် မုံရွာခရိုင်တပ်ရင်း – ၇ ( Lightning People Defence Force ) ၊ မော်လိုက်ခရိုင် တပ်ရင်း – ၂ ၊ Spring Dove ၊ Garuda King ၊ JJF ၊ PDF – South Monywa တို့လည်း ပူပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PNLA ရဲဘော်လေးဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 142 Views
ဇွန်လ (၁) ရက်။ ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ စီဆန်မြို့အနီးတွင် စစ်သုံ့ပန်း အကျဉ်းသား လေးဦးအား စစ်ကောင်စီ
မြန်မာသတင်း

YDF လေ့ကျင့်ရေးစခန်းနဲ့ ထောင်ကို မသမာသူတစုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် စီးနင်းမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 28 Views
ဇွန်လ (၁)ရက်။ မေလ (၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ယောကာကွယ်ရေးတပ် (YDF) ရဲ့ အမှတ် (၁) လေ့ကျင့်ရေး စခန်းနဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့ တပ်မ(၃၃)ဌာနချုပ် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ BWM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 19 Views
ဇွန်လ (၁)ရက်။ မနေ့က စစ်ကိုင်းမြို့ရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲတယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ရှုံးကောင်စီရဲ့ အမှတ်(၃၃)
မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲနေတဲ့ စစ်ကောင်စီက အပစ်ရပ်ကာလ တစ်လထပ်တိုးတယ်လို့ဆိုပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 19 Views
‌ဇွန်လ (၁)ရက်။ နိုင်ငံအနှံ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီအပစ်ရပ်ကာလကို အခုလကုန်အထိ တစ်လ ထပ်မံတိုးမြှင့်လိုက်ပြန်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အပါအဝင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ဖို့ နောက်ဆုံးအကြိမ် သတိပေးထား

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 14 Views
ဇွန်လ (၁)ရက်။ တောင်သာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို လက်နက်ချ အလင်းဝင်ဖို့ ‌မြို့နယ်ပကဖရဲ့ မနေ့က နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးထားတယ်လို့ သိရပါတယ်။ “ တောင်သာမြို့နယ်ထဲက စခ/ရခ/ပခတွေ ဌာနဆိုင်ရာဝန်ထမ်းတွေ အချိန်မနှောင်းခင် လက်နက်ချ အလင်းဝင်ပါ။ ပြည်သူနဲ့
မြန်မာသတင်း

ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 37 Views
ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ထုတ်ပြန် မေလ (၃၀)ရက်။ မေလ (၁၇)ရက်နေ့ကစပြီး ပင်လောင်းမြို့ ဆောင်းပြောင်းကျေးရွာက စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 27 Views
မေလ (၃၀)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မိုးဗြဲမြို့ထဲတနေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီခွဲအချိန် စစ်ကောင်စီက အကြောင်းမဲ့
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 28 Views
မေလ (၃၀)ရက်။ ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်နယ် (၂)ခုက ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ သင်တောရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စကစတပ်နဲ့ ပျူစောထီးတွေက ရွာပတ်ပတ်လည်နဲ့