နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက လေကြောင်းဖြင့် အရာတော်တောင်ပိုင်းကို နှစ်ရက်ဆက်တိုက် ပစ်ခတ်၊ ပြည်သူ ၅၀၀၀ ကျော် ‌အိုးအိမ်စွန့် ထွက်ပြေးနေရ

အရာတော်မြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်၏ နှစ်ရက်ဆက်တိုက်လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅,၀၀၀ ဦး ကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲ့ ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီတပ်က ရဟတ်ယာဥ် Mi35 များအသုံးပြု၍ အရာတော်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအား လေကြောင်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် မင်းရွာကြီး၊ မလဲသာ၊ ကန်ရင်း၊ ညောင်ပင် စသည့်ကျေး ရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

(အရာတော်ဒေသတွင် ရပ်ကျေး ပကဖ၊ ပအဖများရွေးချယ်တင်မြောက်နေသည်ကို ၂၀၂၂ စက်တင်ဘာကတွေ့ရစဉ်၊ ဓာတ်ပုံ – အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ )

တိုက်ပွဲ နှစ်ဘက်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့် သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ထိခိုက် ကျဆုံးမှုအချို့ရှိနေကြောင်း အရာတော်(ပကဖ) က ‌ပြောကြားထားတာပါ။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့် ဒေသတော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျှက်ရှိရာ တော်လှန်ရေးတပ်များတွင် ကျည်နှင့် လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေပြီး ဘေးလွတ်ရာထွက်ပြေးနေကြရသော ဒေသခံပြည်သူများမှာလည်း စားဝတ်နေရေး လိုအပ်ချက်များရှိနေကြောင်းသိရပါတယ်။

Photo – CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးရာသီရောက်လာတာကြောင့် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာပြီး ဆေးဝါးတွေလိုအပ်နေတယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 6 Views
‌ဇွန်လ (၂)ရက်။ မိုးရာသီရောက်လာတာကြောင့် စစ်ဆင်ရေးဒေသတွေမှာ ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားတာတဲ့အတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 12 Views
ဇွန်လ (၂)ရက်။ KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ (၄)နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တလတာထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 13 Views
ဇွန်လ (၂)ရက်။ ပြီးခဲ့တဲ့ မေလထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူတွေထဲ အမျိုးသမီး (၈၆)ဦးနဲ့ အမျိုးသား (၆၆)ဦးဖြစ်ကာ (၃)လအရွယ်
မြန်မာသတင်း

အပစ်ရပ်ကာလထပ်တိုးတယ်ဆိုတဲ့ စစ်ကောင်စီက စဉ့်ကူးမြို့ကို လေကြောင်းတိုက်ခိုက်၊ အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 11 Views
‌ဇွန်လ (၂)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန် စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာရှိ Lucky 7 ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီ (၃၂)မိနစ်လောက်
မြန်မာသတင်း

မုံရွာမှာ ပြည်သူ့ကားတွေကို ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 12 Views
‌ဇွန်လ (၂)ရက်။ မနေ့က နံနက် (၁၁)နာရီ (၁၁)မိနစ်အချိန် မုံရွာမြို့ အထက(၁)ကျောင်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army(TPA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ မုံရွာ အထက(၁)ကျောင်းကနေ
မြန်မာသတင်း

PNLA ရဲဘော်လေးဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 157 Views
ဇွန်လ (၁) ရက်။ ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ စီဆန်မြို့အနီးတွင် စစ်သုံ့ပန်း အကျဉ်းသား လေးဦးအား စစ်ကောင်စီ စစ်သားတစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ခဲ့ပြီး နောက်မှပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာသည်။ စစ်ကောင်စီ မြန်မာ့တပ်မတော်
မြန်မာသတင်း

YDF လေ့ကျင့်ရေးစခန်းနဲ့ ထောင်ကို မသမာသူတစုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် စီးနင်းမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 36 Views
ဇွန်လ (၁)ရက်။ မေလ (၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ယောကာကွယ်ရေးတပ် (YDF) ရဲ့ အမှတ် (၁) လေ့ကျင့်ရေး စခန်းနဲ့ ထောင်ကို မသမာသူတစ်စုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့တယ်လို့ YDF ရဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့ တပ်မ(၃၃)ဌာနချုပ် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ BWM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 25 Views
ဇွန်လ (၁)ရက်။ မနေ့က စစ်ကိုင်းမြို့ရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲတယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ရှုံးကောင်စီရဲ့ အမှတ်(၃၃)