မြိုင်မြို့နယ်၊ မကျည်းကန်အနီးရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီ (၂၅) ရက် မနက်ပိုင်းမှာ စစ်ရဟတ်ယာဥ် MI35 ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြော သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာက ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို စစ်ကောင်စီတပ် ရဟတ် ယာဉ်က ၁၅ မိနစ်ကြာ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ ရဟတ်ယာဉ်ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး ကလေးငယ်များ အချိန်မီ ပုန်းခိုနိုင်ခြင်းကြောင့် ထိခိုက်မှုမရှိကြောင်း ဒေသခံများကပြောသည်။