နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာ့လက်ဝှေ့ ချန်ပီယံဟောင်း ရွှေဓူဝံ အမြန်ယာဉ် တိမ်းမှောက်မှု နေရာတွင် သေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယနေ့ နံနက် ၅ နာရီခွဲခန့်တွင် ဒို့ညီနောင် အမြန်ယာဉ်လိုင်းကား တိမ်းမှောက်မှုအတွင်း သေ ဆုံးသူများအနက် မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံလည်း ပါဝင်ကြောင်း ကူညီကယ်ဆယ်ရေး အသင်းများက အတည်ပြုပြောကြားကြပါတယ်။

အဆိုပါ အမြန်ယာဉ်သည် နေပြည်တော်ဘက်မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ရှိ အတားအဆီးကို တိုက်မိကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကျား ၂၀ ဦး၊ မ ၁၁ ဦး စုစုပေါင်း ၃၁ ဦးအနက် ကျား ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ကျား ၁၅ ဦးနှင့် မ ၁၀ ဦးတို့အား လူမှုကူညီရေးအသင်းယာဉ်များဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန် ကျား ၂ ဦးနှင့် မ ၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားချက်အရ သိရသည်။


ဓာတ်ပုံ – MFSD/ MLC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တွေတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့်ခွာထွက်ပြေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 21 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုလဆန်းပိုင်းကစပြီး AA ထိုးစစ်ဆင်နေတဲ့ စစ်တွေမြို့တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့် ထွက်ပြေးနေကြတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

စလင်းမြို့မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို ဖမ်းဆီးကာ ရွာတွေကို မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 19 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က စလင်းမြို့ ပန်းတိမ်ကုန်းရွာကို အင်အား (၂၀၀)ခန့်နဲ့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 18 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်တပ်စစ်ကြောင်းက အင်အား (၂၀၀)လောက်နဲ့ ကျောက်ပန်းတောင်းကနေ တောင်သာကို မဲရုံလုံခြုံရေးပေးဖို့လာတာ။
မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်က ဆင့်ခေါ်သတိပေးခဲ့တယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 15 Views
ဇန်နဝါရီလ (၁၉)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်သတိပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်ရှိ တီမောသံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာကို စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက
မြန်မာသတင်း

ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ပါ့မလား?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 40 Views
အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၃၀) ရွေးကောက်ပွဲကိုလူထုကစိတ်ဝင်စားမှုမရှိတာ၊ ရွေးကောက်ပွဲကလွတ်လပ်မျှတမှုမရှိတာ၊ လွတ်လပ်စွာစည်းရုံးလှုံဆော်ခွင့်မရတာ၊ ကြံခိုင်ရေးပါတီအနိုင်ရအောင် ပုံစံချလုပ်ထား တာတွေ နောက်မှာပြုလုပ်တဲ့ရွေကောက်ပွဲအတုအယောင်ကနေ ဒီမိုကရေစီအစိုးရ တရပ် ပေါ်ထွန်းလာနိုင်ပါ့မလားဆိုတာကို ဒီအပတ်တနင်္ဂနွေနေ့ ဇန်နဝါရီလ ၁၈ရက်နေ့ ည မြန်မာစံတော်ချိန် ည ၇နာရီခွဲမှာခေတ်မျက်လုံးရဲ့
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တွေကြောင့် ပြည်သူ (၁၀၀၀)ကျော် တိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 36 Views
ဇန်နဝါရီလ (၁၇)ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ‌ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက သိရပါတယ်။ “ ဝမ်ပေါင်ယန်စီကုမ္ပဏီနားက ရွာကို ယန်စီကုမ္ပဏီထဲက စကမစစ်ကြောင်းက အင်အား (၁၀၀)ကျော်လောက်နဲ့
မြန်မာသတင်း

(၄)လတာတိုက်ပွဲထဲ CDF-KKG ရဲဘော် (၁၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 33 Views
ဇန်နဝါရီလ (၁၇)ရက်။ ၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲတွေမှာ ရဲဘော် (၁၂)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေထဲ ကျဆုံးခဲ့သူတွေဟာ CDF-KKG တပ်ရင်း(၁)က တပ်စုမှူးနဲ့
မြန်မာသတင်း

မြစ်ဆုံဆည်က လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 34 Views
ဇန်နဝါရီလ (၁၇)ရက်။ မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းက လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များက မနေ့က သဘောထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘူမိသိပ္ပံပညာရှင်တွေက သဘောထားထုတ်ပြန်တာမှာ မြစ်ဆုံဆည်ဆောက်လုပ်ဖို့ လုံးဝမသင့်တော်တာကို အချက် (၈)ချက်နဲ့ အကြံပြုထားပါတယ်။ အဲ့ဒီအချက်တွေထဲ မြစ်ဆုံဒေသဟာ