နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ The Youth Force (Saw & Kyaukhtu) မှ ရဲဘော် ကျဆုံး

ဖေဖော်ဝါရီလ (၆) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ဆော-ကျောက်ထုလမ်းတွင် စစ်ကူသွားရန် မော်တော် ဆိုင်ကယ်များဖြင့် ထွက်ခွာလာတဲ့ The Youth Force (Saw & Kyaukhtu) အဖွဲ့ဝင်များကို စစ်ကောင်စီနဲ့ ပျူစောထီးများက ခြုံခိုပစ်ခတ်ခဲ့တဲ့အတွက် အသက် (၂၀) အရွယ် ရဲဘော် ကိုဇင်ဖြိုးလွင် ကျဆုံးခဲ့ကြောင်း TYF (Saw & Kyaukhtu) ရဲ့တာဝန် ခံ ဆီက သိရပါတယ်။

“မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ ကျနော်တို့အဖွဲ့တွေ စစ်ကူသွားတဲ့အချိန် ရန်သူ့တပ်တွေရဲ့ချောင်းပစ်တာ ခံလိုက်ရတယ်။ ကျန်တဲ့ရဲဘော်တွေ အကုန်လုံးလည်း ပိတ်မိနေတယ်။ ၁ နာရီနီးပါး စစ်ကောင်စီတပ်တွေ ပစ်တာခံခဲ့ရတယ်” လို့ TYF (Saw & Kyaukhtu) ရဲ့ တာဝန်ခံက ပြောခဲ့ပါတယ်။

မော်တော်ဆိုင်ကယ် (၈) စီးအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးသွားပြီး ကျောပိုးအိပ်နဲ့ ဖုန်းအချို့ကိုလည်း စစ်ကောင်စီတပ်မှ သိမ်းဆည်းသွားကြောင်း သိရပါတယ်။ The Youth Force (Saw & Kyaukhtu) ဟာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာနအောက်ကို ဝင်ရောက်ထားတဲ့ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်နက်ထောက်ပံ့မှုကိုတော့ အခုအချိန်အထိ မရရှိသေးကြောင်း သိရှိရပါတယ်။

ဂန့်ဂေါခရိုင်လွှတ်တော်အမတ် ဒေါ်ယဉ်မင်းလှိုင်နဲ့ အဆင်ပြေ နီးစပ်တဲ့သူများကိုသာ လက်နက် ပံ့ပိုးပေးနေတဲ့အတွက် မညီ မျှမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။

ဓာတ်ပုံ။ The Youth Force (Saw & Kyaukhtu) ၏ FB Page

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 16 Views
ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ထုတ်ပြန် မေလ (၃၀)ရက်။
မြန်မာသတင်း

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 13 Views
မေလ (၃၀)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မိုးဗြဲမြို့ထဲတနေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 11 Views
မေလ (၃၀)ရက်။ ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်နယ် (၂)ခုက ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ သင်တောရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စကစတပ်နဲ့ ပျူစောထီးတွေက ရွာပတ်ပတ်လည်နဲ့
မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်က အပစ်ရပ်ထားတဲ့အပေါ် လိုက်နာကြဖို့ဆိုပြီး တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 11 Views
မေလ (၃၀)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပစ်ရပ်ထားတဲ့အပေါ် လိုက်နာဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငလျင်အတွက် အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် ပြန်လည်ထူထောင်ရးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ စစ်တပ်က ဧပြီလ (၂)ရက်နေ့ကစပြီး
India မြန်မာသတင်း

အိန္ဒိယမှာ အထောက်အထားမရှိဘဲ ခရီးမသွားဖို့နဲ့ UN-Card အမြဲဆောင်ဖို့ သတိပေးတာတွေရှိ

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 23 Views
မေလ (၂၉)ရက်။ အိန္ဒိယမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ India for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယအကြား ပဋိပက္ခဖြစ်ပြီးနောက် တရားမဝင်နေထိုင်တဲ့
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 19 Views
မေလ (၂၉)ရက်။ မနေ့က ညနေ (၆)နာရီအချိန် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော့ကရိတ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ကနဲလေးတပ်စခန်းကို မနေ့က
မြန်မာသတင်း

မိုးကုတ်မှာ စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 8 Views
မေလ (၂၉)ရက်။ မေလ (၂၄)ရက်နေ့ ည (၁၀)နာရီအချိန်က စစ်ကောင်စီတပ်ရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)စခန်းဟောင်းအနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အရင် စစ်ကောင်စီရဲ့
မြန်မာသတင်း

တော်လှန်ရေးကာလထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 16 Views
မေလ (၂၉)ရက်။ နွေဦးတော်လှန်ရေး (၄)နှစ်တာထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့တယ်လို့ NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၀၂၄ တနှစ်ထဲမှာ တိုက်ပွဲထဲကျဆုံး ပကဖ (၂၀၀)ကျော်ရှိသလို၊ ၄