မန္တလေးမြို့ပေါ်က ဇလုံကြီး ဟင်း အနှစ်ထုပ် စားသောက်ကုန်လုပ်ငန်း စက်ရုံကို အင်အား ၅၀ နီးပါး စစ်တပ်ကားခုနစ်စီးနဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ပိုင်ရှင် ဖြစ်သူကို ပါ ဖမ်းဆီးသွားခဲ့တယ်လို့ မန္တလေးမြို့ခံ တွေဆီက သိရပါတယ်။
ဒါ့အပြင် ဇလုံကြီး စားသောက်ကုန်လုပ်ငန်းရဲ့ ထုတ်ကုန်တွေနဲ့ ကုန်ကြမ်းပစ္စည်းတွေကို စစ်တပ်က လာရောက်သိမ်းဆည်းသွားခဲ့ပါတယ်။
စစ်တပ်သတင်းတွေကို ရေးသားလေ့ရှိတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဇလုံကြီး စားသောက်ကုန် လုပ်ငန်းဟာ သူ့စားသောက်ကုန်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပေးပို့ရောင်းချနေတာကြောင့် ဖမ်းဆီးဖို့ လှုံဆော်ရေးသားမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။