နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်နယ်ကို စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှုများပြုလုပ်နေ

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ချင်းပြည်နယ်ကို စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့နေတယ်လို့ ဒေသခံတွေနဲ့ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက တဆင့်သိရပါတယ်။အဲဒီထဲမှာ ပလက်ဝမြို့နယ်တော့ မပါဝင်ပါဘူး။

ကလေးမြို့ကနေ ချင်းပြည်နယ်ကို အရပ်သား ၁၂ ဘီးကားတွေအပါအဝင် သံချပ်ကားနှစ်စီး၊ စစ်ကားအစီး ၃၀ နဲ့အတူ အင်အား ၂၀၀ ကျော်နဲ့ မတ်လ(၉)ရက်နေ့က တက်လာပြီး မတ်လ ၁၉ ရက်နေ့မှာ ဖလမ်းမြို့ကို ရောက်ရှိလာတာပါ။ ချင်းတော်လှန်ရေးတပ်တွေ လမ်းမှာ အကြိမ်ကြိမ်ပစ်ခတ်တာနဲ့ မိုင်းဆွဲတိုက်ခိုက်တာကြောင့် ပုံမှန် လေးနာရီသာ သွားရတဲ့ခရီးကို စစ်ကောင်စီ စစ်ကြောင်း ဟာ (၁၁) ရက်ကြာမြင့်ခဲ့တာပါ။

စစ်ကောင်စီ တပ်ဟာ ကလေး- တီးတိန်-ဖလမ်း လမ်းမကြီးတစ်လျှောက် ရွာတွေက နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ တပ်ချိန်းတာဖြစ်နိုင်သလို ရိက္ခာနဲ့ လက်နက်ခဲယမ်း အားဖြည့်တာလည်း ဖြစ်နိုင်တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO က သုံးသပ်ပြောဆိုထားပါတယ်။

ဖလမ်းမြို့ကို တက်လာချိန်ကစပြီး စစ်ကောင်စီတပ်နဲ့ CNO အပါအဝင် ဒေသကာကွယ်ရေး တပ်တွေ နေရာငါးခုမှာ တိုက်ပွဲ (၁၀) ကြိမ်ဖြစ်ခဲ့ပြီး ၁၂ ဘီးကားတစ်စီး ပျက်စီးသလို စစ်ကောင်စီတပ်သား ၂၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က မတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မင်းတပ်နဲ့ မတူပီဘက်ကိုလည်း မတ်လ ၁၀ ရက်နေ့မှာ မကွေးတိုင်း၊ ပခုက္ကူဘက်က စစ်ကား အစီး ၈၀ နဲ့အတူ စစ်ကောင်စီ စစ်ကြောင်း တက်လာတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်း ပြီး နှစ်နှစ်အတွင်း ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း ၆၀၀ နီးပါးရှိပြီး အရပ်သား ၁၂၆ ဦးနဲ့ ချင်း တော် လှန်ရေးတပ်ဖွဲ့တွေဘက်က ၂၃၇ ဦးသေဆုံးခဲ့ပြီလို့ ချင်းရေးရာအဖွဲ့ချုပ်က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေကြောင့် ပြည်တွင်းမှာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းခန့်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ လေးသောင်းကျော်နဲ့ မဏိပူပြည်နယ်မှာ တစ်သောင်းကျော် ချင်းပြည်နယ်ကနေ ထွက်ပြေးခိုလှုံနေကြရတယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို