မကွေးတိုင်း၊ ပေါက်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသငတန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်၊ ရဲ နဲ့ ပျူစောထီးတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ မတ်လ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တပ်စွဲပြီး ခရီးသွားပြည်သူများကို တားဆီးစစ်ဆေး၊ ဆက်ကြေးကောက်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကို ပေါက် ကာကွယ်ရေး ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက် ကျေးရွာ ကာကွယ် ရေးအဖွဲ့တွေနဲ့ မြိုင် ပကဖ ရင်း ( ၁ )၊ ခွဲ ( ၃ )၊ စိတ် ( ၄ )တို့ကနေ တိုက်ခိုက်ခဲ့တာဖြစ်သလို စစ်ကောင်စီဘက်တော်သားတွေ သေဆုံးတာတွေ၊ ဒဏ်ရာရရှိတာတွေ ရှိနိုင်တယ်လို့ မြိုင် ပကဖ ကနေ ထုတ်ပြန်ထားပါတယ်။