ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်၍ ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ Bawlakhe PDF က အသိပေး ထုတ်ပြန်ချက်အရသိရပါတယ်။
ဘောလခဲခရိုင်အတွင်းက ဒေသခံပြည်သူတွေ လုပ်ငန်းခွင်လုပ်ဆောင်နေတဲ့ နေရာတစ်ခုကို မတ်လ ၂၃ ရက် ညနေ ၄ နာရီ ခွဲအချိန်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တပါတယ်။ ထိုသို့ တိုက်ခိုက်မှုတွင် ဒေသခံ ပြည်သူ နှစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း Bawlakhe PDF က အသိပေးထုတ်ပြန်ထားပါတယ်။၏
လက်ရှိစစ်ရေးအခြေအနေကြောင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ-ရွာသစ်လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု Bawlakhe PDF က မတ်(၂၂) ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။