ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အင်းစိန်အကျဉ်းထောင် အနောက်ဘက်ဂိတ်အနီးမှာ ဒီနေ့ မတ်လ (၂၄) ရက် မနက် ၁၁ နာရီခွဲလောက်မှာ အသံဗုံးလို့ ယူဆရတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရွာမအနောက်ဖက် ထောင်အဝင်ပေါက်က လုံခြုံရေးအစောင့်တွေက သေနတ်နဲ့ မိုးပေါ်ထောင်ပစ်တယ်လို့ အနီးနားက ဒေသခံတွေဆီက သိရပါတယ်။ ပေါက်ကွဲမှုကြောင့် အခြားထိခိုက်ပျက်စီးမှုတွေ မရှိဘူးလို့လည်း သိရပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။