ကြာအင်းဆိပ်ကြီးမြို့နယ်မှာ တပ်စွဲထားတဲ့ ကွီလုံတိုင်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Federal Wings က ဒီနေ့ မတ်လ ၂၅ ရက်နေ့မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။
စကခ (၁၃) လက်အောက်ခံ ခမရ (၅၆၁) အာဏာသိမ်းစစ်တပ်ကို Federal Wings က ဒရုန်းတွေနဲ့ အကြိမ်ရေ (၄၉) ခေါက်ထိ ပျံသန်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အခု မတ်လ ၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖြစ်ပြီးအဲဒီလို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။