ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် စစ်တပ်ပိုင် တပ်မတော်ဆေးဝါးစက်ရုံ၊ တပ်ရင်းတပ်ဖွဲ့များထံ သွယ်တန်းထားသော ဓာတ်အားလိုင်း နှင့် မင်္ဂလာဒုံမြို့နယ် ရှိ Mytel တာဝါတိုင်တို့ မိုင်းခွဲခံရကြောင်း ဒေသခံများထံကသိရသည်။
မတ်လ ၂၇ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန် မှော်ဘီမြို့နယ်အတွင်း တပ်မတော်ဆေးဝါးစက်ရုံနှင့် တပ်ရင်းတပ်ဖွဲ့များထံသို့ သွယ်တန်းထားသော 33kV မြောင်းတကာ – ဆေးဝါး ၊ 33kV မြောင်းတကာ – ကြက်ဖြူကန် နှင့် 33kV မြောင်းတကာ – မှော်ဘီ ဓာတ်အားလိုင်းများ မိုင်းခွဲခံရခြင်းကြောင့် မှော်ဘီမြို့နယ်တစ်ခုလုံး နှင့် တပ်ရင်းတပ်ဖွဲ့များအားလုံး ဓာတ်အားပြတ်တောက်လျက်ရှိတယ်လို့သိရပါတယ်။
အလားတူ မင်္ဂလာဒုံမြို့နယ် Mytel တာဝါတိုင်ကိုလည်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၊ တာဝါတိုင် မှာ မိုင်းပေါက်ကွဲမှုကြောင့်ပျက်စီးခဲ့တယ်လ်ု့သိရပါတယ်။