နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုတက္ကသိုလ် ဂိတ်ပေါက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ် ရေးတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က တက္ကသိုလ် ဂိတ်ပေါက်မှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရွှေဘိုအခြေစိုက် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့ ဧပြီလ ၂ ရက်ညနေပိုင်းတုန်းက စီးနင်း တိုက်ခိုက် ခဲ့တယ်လို့သိရ ပါတယ်။

အဲဒီတိုက်ပွဲမှာ နှစ်ဘက် အကျအဆုံးရှိခဲ့ ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးသလို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း ၂ ဦးသေဆုံးခဲ့ပါတယ်။

ရွှေဘိုတက္ကသိုလ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေဘိုမြို့အရှေ့ခြမ်းကျေးရွာတွေကနေ မြို့ပေါ်ကို သွားရောက်တဲ့ဒေသခံတွေကို ငွေကြေးကောက်ခံနေတာတွေကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ ပူးပေါင်းအဖွဲ့တွေက ဆိုပါတယ်။

Era’sEyes | Photo – CJ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငလျင်ဘေးသင့်ပြည်သူတွေအတွက် တအာင်းပြည်ထဲ အလှူငွေကောက်ခံရာ ငွေကျပ် သိန်းပေါင်း(၄၀၀၀)ကျော်ရရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 12 ရက်
  • 1 Views
ဧပြီလ (၁၂)ရက်။ ငလျင်ဘေးသင့်ပြည်သူ‌တွေအတွက် တအာင်းပြည်ထဲ အလှူငွေကောက်ခံခဲ့ရာ ငွေကျပ် သိန်းပေါင်း (၄၀၀၀)ကျော် ရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ကလေးမြို့ရှိ စစ်ကောင်စီတပ်စခန်းတခုကို အပြီးသတ်ချေမှုန်းနိုင်ခဲ့တယ်လို့ ABSDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 12 ရက်
  • 2 Views
ဧပြီလ (၁၂)ရက်။ မနေ့က ကလေးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကြံသာရွာအခြေစိုက်တပ်စခန်းကို အပြီးသတ်ချေမှုန်းရှင်းလင်းခဲ့တယ်လို့ ABSDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးတာများပြားခဲ့တဲ့ နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်ပြုလုပ်ဖို့ စစ်ကောင်စီပြင်ဆင်

  • 2025 ခုနှစ်၊ ဧပြီလ 12 ရက်
  • 1 Views
ဧပြီလ (၁၂)ရက်။ စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးတာတွေ များပြားခဲ့တဲ့ နေပြည်တော်နယ်မြေမှာ စစ်ကောင်စီက လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်ကျင်းပမယ့်နေရာမှာ ရေအေးသင်္ကြန်နဲ့ စတုဒိသာမဏ္ဍပ်တည်ဆောက်နေတာကို စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က သွားရောက်ကြည့်ရှုခဲ့တယ်လို့
မြန်မာသတင်း

မြင်းမူမြို့မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 11 ရက်
  • 6 Views
ဧပြီလ (၁၁)ရက်။ ဧပြီလ (၈)ရက် ည (၉)နာရီအချိန်ခန့်က မြင်းမူမြို့နယ် စံတင်ကင်းရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။ “ ဧပြီလ (၈)ရက် ည (၉)နာရီလောက်က ဘိုမင်းကြီးကင်း၊ မြောင်လမ်းခွဲမှာ
မြန်မာသတင်း

ကယန်းအမျိုးသားနေ့ကျင်းပတဲ့ရွာကို စစ်ကောင်စီဗုံးကြဲမှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ကယန်းပြည်သစ်ပါတီထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 11 ရက်
  • 3 Views
ဧပြီလ (၁၁)ရက်။ မနေ့က ည (၁၁)နာရီ (၄၅)မိနစ်အချိန် ကယန်းအမျိုးသားနေ့အခမ်းအနား ကျင်းပတဲ့ သိကျိတ်ကျေးရွာကို စစ်ကောင်စီက ပေါင် (၂၀၀)ဗုံး ကြဲချခဲ့တယ်လို့ ကယန်းပြည်သစ်ပါတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ဒဏ်ကို အကြောင်းပြုပြီး စစ်ကောင်စီက
မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်းဆိုချက်ကြောင့် တရုတ်က ယွမ်ငွေ (၁)ဘီလီယံ ထပ်မံပံ့ပိုး

  • 2025 ခုနှစ်၊ ဧပြီလ 11 ရက်
  • 5 Views
ဧပြီလ (၁၁)ရက်။ မြန်မာအတွက် အရေးပေါ်လူသားစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီတွေအတွက် ယွမ်ငွေ (၁)ဘီလီယံ ထပ်မံပံ့ပိုးမယ်လို့ တရုတ်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကြောင့် တရုတ်အစိုးရက ယွမ်ငွေ (၁)ဘီလီယံ အရေးပေါ်လူသားစာနာမှုဆိုင်ရာ
မြန်မာသတင်း

ငလျင်ဒဏ်သင့်နေပေမယ့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 11 ရက်
  • 4 Views
ဧပြီလ (၁၁)ရက်။ ငလျင်ဒဏ်ကြောင့် ဒေသအများအပြားမှာ ထိခိုက်ပျက်စီးတာတွေရှိနေပေမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဟိုပုံးမြို့ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ခရီးစဉ်ထဲ စစ်ခေါင်းဆောင်က ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး အောင်မြင်စွာ
မြန်မာသတင်း

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲ ပူးပေါင်းပါဝင်ခဲ့တယ်လို့ BNRA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 11 ရက်
  • 10 Views
စစ်ဆင်ရေးထဲ BNRA ရဲဘော် (၂)ဦး ကျဆုံးပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသူ (၅)ဦးနဲ့ (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ ဧပြီလ (၁၁)ရက်။ ချင်းညီနောင်ရဲ့ ဖလမ်းမြို့စစ်ဆင်ရေးထဲ အခြားမဟာမိတ်တွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ BNRA