ရန်ကုန်တွင် မတ် (၃၀) ညနေပိုင်း၌ S.G.M Team က ဦးဆောင်ကာ စစ်ကောင်စီကပြုလုပ်မည့် သင်္ကြန်ပွဲတော်ကို တော်လှန်ပုန်ကန်ကြရန် ချီတက်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။
လူငယ်များက “ တော်လှန်ပုန်ကန် ရန်ကုန်သင်္ကြန်” ဆိုသည့် စာသားကိုင်ဆောင်ပြီး ပြည်သူ များအနေဖြင့် စစ်ကောင်စီက ပြုလုပ်မည့်သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲကြခြင်း မပြုကြရန်နှင့် စစ်အာဏာရှင်ကို တော်လှန်ပုန်ကန်ကြရန် လှုံ့ဆော်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။