နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

နှောကန်တိုက်ပွဲ ဗိုလ်မှူးတစ်ဦး သေဆုံး MA3 လက်နက်(၂)လက်ရရှိ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် PDF ကင်းပုန်း ကို လာရောက်ပစ်ခတ်တဲ့ ဗိုလ်မှူးတစ်ဦးနှင့် တပ်သားတစ်ဦးကို ရွာနှစ်ရွာကြားတွင် တိုက်ခို​က်ခဲ့ရာမှာ နှစ်ဦးလုံးသေဆုံးပြီး MA3 နှစ် လက် ရရှိခဲ့တယ်လို့ ဒေသတွင်း PDFအဖွဲ့များထံက သိရပါတယ်။

ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာနှင့် နှောကန်ကျေးရွာကြားတွင် ဆိုင်ကယ်တစ်စီးဖြင့်လာသည့် စစ်ကောင်စီတပ်ကိုရဲခေါင်ပြောက်ကျားတပ်ဖွဲ့ဦး​ဆောင်​သောမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ နှင့် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

Era’sEyes | Photo – ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ / (​နှောကန်ရွာတိုက်ပွဲတွင်​သေဆုံးခဲ့​သော ဗိုလ်မှူးမင်းမြတ်သူနှင့် သိမ်းဆည်းရရှိ​သော ​သေနက်နှင့်ဖုန်းများ။

ထိုစစ်ဆင်ရေးကို ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ (ဒေါင်းနက်)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ (ရိုးမရာဇာ)နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို နေ့ညမပြတ် တိုက်ခိုက်နေတယ်လို့ Justice Soldier PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 1 Views
ဒီဇင်ဘာလ (၂၃)ရက်။ ကော့ကရိတ်မြို့ ဒေါနတောင်ခြေမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းကို နေ့ညမပြတ် တိုက်ခိုက်ချေမှုန်းနေတယ်လို့ Justice Soldier PDF
မြန်မာသတင်း

တီးတိန်အခြေစိုက် ခလရ(၂၆၈)က စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 1 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီဇင်ဘာလ (၁၈)ရက်နေ့က တီးတိန်မြို့အခြေစိုက် ခလရ(၂၆၈)က စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ထီးလင်းမှာ စစ်ကောင်စီစစ်ကြောင်း အထိနာအောင် တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံတွေက အောင်သပြေနဲ့ကြိုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၃)ရက်။ ထီးလင်းမှာ စစ်ကောင်စီစစ်ကြောင်းကို အထိနာအောင် တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထီးလင်းမြို့ကနေ ထွက်လာတဲ့ အင်အား (၈၀)ပါတဲ့ စကစစစ်ကြောင်းကို
မြန်မာသတင်း

မင်းတပ်မြို့ ခလရ(၂၇၄)က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ဓါတ်ပုံ ဖြုတ်ချပြီးခြေနဲ့နင်းခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 3 Views
မင်းတပ်မြို့ ခလရ(၂၇၄)က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ဓါတ်ပုံ ဖြုတ်ချပြီးခြေနဲ့နင်းခံရ ဒီဇင်ဘာလ (၂၃)ရက်။ မင်းတပ်မြို့ရှိ ခမရ(၂၇၄)က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံကို ဖြုတ်ချပြီး ခြေနဲ့နင်းတဲ့ ရုပ်သံဖိုင်ကို CDF-MINDAT က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ခွင့်ပြုချက်မရဘဲ မင်းတပ်မြို့ကို ဝင်ထွက်ခွင့် မပြုသေးကြောင်း CDF-Mindat ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 9 Views
ဒီဇင်ဘာလ (၂၃) ရက်။ ခွင့်ပြုချက် မရရှိဘဲ မင်းတပ်မြို့အတွင်းကို ဝင်ထွက် သွားလာခွင့် မပြုသေးဘူးလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat က ဒီကနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ တိုက်ပွဲမှာ ကျန်ရှိနေသေးတဲ့ မြေမြှပ်မိုင်းရှင်းလင်းရေး
မြန်မာသတင်း

မင်းကင်းမှာ ရွှေတူးဖော်လုပ်ငန်း‌ရပ်ဆိုင်းဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲက သေနတ်နဲ့ခြိမ်းခြောက်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီဇင်ဘာလ (၂၁)ရက်နေ့က မင်းကင်းမြို မြောက်ချွန်းရွာမှာ ရွှေတူးဖော်တဲ့လုပ်ငန်း ရပ်ဆိုင်းပေးဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲတွေက သေနတ်နဲ့ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ (၂၁)ရက်နေ့ ညနေမှာ ရွှေမျောလုပ်ငန်းတွေကို
မြန်မာသတင်း အယ်ဒီတာ့အာဘော်

မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 16 Views
မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် ဒီဇင်ဘာလ (၂၂) ရက်။ မြန်မာ့နွေဦးတော်လှန်ရေး၃နှစ်ကျော် ၄နှစ်အတွင်းဝင်ရောက်လာတဲ့အချိန်မှာ တော်လှန်ရေး အရှိန်အဟုန် အားကောင်းကောင်းနဲ့ မြန်မာပြည်‌မြောက်ပိုင်းမှာ ညီနောင်(၃)ဖော်စလိုက်တဲ့ ဗျူဟာ‌မြောက် ၁၀၂၇ ထိုးစစ်ကြောင့် စစ်အုပ်စု အထိနာခဲ့ရသလို ရမခစစ်ဌာနချုပ်လည်း ကျခဲ့ရပါတယ်။
မြန်မာသတင်း

ရန်ကုန်မှာ မင်္ဂလာဆောင်ပွဲလာတက်တဲ့ စစ်ကောင်စီစရဖဗိုလ်မှူးတစ်ဦး ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 19 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်က ရန်ကုန် မရမ်းကုန်းမြို့ရှိ Apollo Hotel အနီးမှာ စစ်ကောင်စီရဲ့ စရဖ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ နေ့လယ် (၂)နာရီကျော်လောက်