နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာပြည်က လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေ၊ပြည်သူများမှာ မီး မရသဖြင့် အလုပ်အကိုင်များ နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်


မြန်မာပြည်မှာ အထူးသဖြင့် ရန်ကုန် – မန္တလေးတို့လို မြို့ကြီးတွေမှာ လျှပ်စစ်မီးတွေဘာကြောင့်ပြတ်တောက်နေရသလဲဆိုတာနဲ့ပတ်သက်လို့ အချက် ၃ ချက်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


အဲဒီထုတ်ပြန်ချက်အရ နွေရာသီရောက်ရှိလာပြီဖြစ်တာကြောင့် ရေအားလျှပ်စစ်စက်ရုံကြီးတွေက လျှပ်စစ်ဓာတ်အား ထုတ် လုပ်ပေးနိုင်မှု လျော့ကျနေတာခြင်းနဲ့ ၂၄ နာရီ ပတ်လုံးဓာတ်အားထုတ်ပေးနိုင်တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက လျှပ် စစ်ဓာတ်အားပို့လွှတ်တဲ့ မဟာဓာတ်အားလိုင်းတွေ အကြိမ်ကြိမ် ဖောက်ခွဲခံရတာကြောင့် ကာလရှည်ကြာစွာ နိုင်ငံ တော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားလုံးဝမရရှိတာ၊ နေ့ညအပူချိန်တက်လာလို့ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်သုံးစွဲမှု ၂၅၀ မဂ္ဂါဝပ်ခန့်တိုးမြင့်လာတာတွေ ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယအချက်အနေနဲ့ မတ်လ ၂၇ ရက်နေ့က ၂၃၀ ကေဗွီ သထုံ-မော်လမြိုင် ဓာတ်အားလိုင်းက တာဝါတိုင်(၂) တိုင်ဖေါက်ခွဲဖျက်ဆီးခံရ တဲ့အတွက် မော်လမြိုင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကနေ နိုင်ငံတော်ဓာတ်အားစနစ်ကို (၈၀) မဂ္ဂါဝပ် ၂၄ နာရီပတ်လုံးဓာတ်အားပို့လွှတ်နိုင်မှုမရှိဘဲ ဓာတ်အား ဖြန့်ဖြူးမှုကို ထိခိုက် ခဲ့တယ်လို့ ဆိုပါတယ်။


နောက်ဆုံးတစ်ချက်အနေနဲ့ လုံခြုံရေးကြောင့် တာဝါတိုင်တွေ ပြုပြင်ခြင်းလုပ်ငန်းက ခန့်မှန်းတစ်ပတ်ခန့်ကြာမြင့်နိုင်ပြီး အရေးပေါ် ဝန်အားလျှော့တာ၊ ယာယီဝန်အားလျှော့ချရတာတွေကိုနားလည်ပေးဖို့ဆိုပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အခုလို ဖြစ်ရပ်တွေကြောင့် ရန်ကုန်မြို့နေပြည်သူများမှာ မီးမရသဖြင့် အလုပ်အကိုင်များနှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေလျက်ရှိပြီး အခုကာလအတွင်းမှာ စိတ်ဒုက္ခ အပေးဆုံးမှာ လျှပ်စစ်မီး ဖြစ်တယ်လို့ တညီ တညွတ်တည်း ပြောဆိုနေကြတာဖြစ်ပါတယ်။


ရန်ကုန်မြို့ ပေါ် ရပ်ကွက်နေ ပြည်သူတဦးက ခေတ်မျက်လုံး ကို အခုလိုပြောပါတယ် “ ဒီလိုဗျာ မီးမလာ ပြတ်တဲ့အကြောင်းတော့ ပြောမဆုံးပေါင် တောသုံးတောင်ပဲ ဗျ အတော်စိတ်ညစ်ဖို့ကောင်းတယ် ၊ မနက် ထမင်းအိုးလေး အပြေးအလွှားတည်နေတုန်း ပြတ်ကနဲ ဆိုပြတ် ၊ ရေတင်နေတုန်း ပြတ် အို အမျိုးမျိုးပြတ် ဗျာ ၊ လာချင်လာတယ် မလာချင် မလားဘူး အချိန်လည်း မမှန်တော့ဘူး ” ဟု ပြောကြားခဲ့တာဖြစ်ပါတယ်။


Era’sEyes | Photo – CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 16 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 21 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 21 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အမှောင်ထုဟာ အလင်းကို မအုပ်စိုးနိုင်သလို ပြည်သူရဲ့ မတုန်မလှုပ်တဲ့ သန္နိဋ္ဌာန်နဲ့ စည်းလုံးတဲ့
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 36 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 35 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 24 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 41 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့