ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုရွာကို မတ်လ ၃၀ ရက်နေ့၊ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်အချိန် စစ်တပ်က အကြောင်း မဲ့ တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ၁၀ ဦးထဲမှာ ခရစ်ယာန် ဘာသာရေးဆရာ Mr. Za Mawng ရဲ့ သမီး ၂ ဦး၊ မြေး ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။ ခွာဖိုရွာဟာ ထန်တလန်မြို့ကနေ ၅ မိုင်လောက်ဝေးတဲ့ ရွာဖြစ်ပြီး ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားခြင်း ခံထားရတယ်လို့ သိရပါတယ်။