ရေစကြိုမြို့နယ် မအူရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီ(၃)ရက်မနက်အစောပိုင်းတွင် တိုက်ခိုက် မီးရှို့ခဲ့တယ်လို့သိရပါတယ်။
မအူရဲကင်းစခန်းကို ပကဖ အဖွဲ့က မြေပြင်မှ ထိုးစစ် တိုက်ခိုက်သလို ဒရုန်းဖြင့်လည်း တိုက်ခိုက်ခဲ့ပြီး အဲဒီနောက် မနက် ၇ နာရီအချိန်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ မအူရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာလ ၁၈ ရက်ကလည်း မီးရှို့ ဖျက်ဆီးနိုင်ခဲ့ဖူးပါတယ်။