ကရင်ပြည်နယ် မြ၀တီမြို့မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့တော်အနီး ထီးကော်ထောကျေးရွာမှာ နယ်ခြားစောင့်တပ်-BGF ကင်းစခန်းနှစ်ခုကို ဧပြီ ၅ ရက်နဲ့ နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်များက ၀င်ရောက်တိုက်ခိုက်ကြပြီး နေ့လည် ၁၂ နာရီလောက်မှာ စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ် (၂) စင်းနဲ့ လာရောက်ပစ်ကူပေးခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွားနေတဲ့အတွက် ဒေသခံကျေးရွာက ပြည်သူများ ထိုင်းနိုင်ငံဘက်ကို သောင်ရင်းမြစ်ဖြတ်ကူပြီး တိမ်းရှောင်နေရကြောင်း သိရှိရပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်အနီး ရပ်ကွက်များဘက်အထိ တိုက်ပွဲဖြစ်ပွားနေပြီး BGF တပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်အတွင်း BGF ဘက်မှ အရာရှိများအပါအ၀င် နှစ်ဘက်လုံးမှာ ကျဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ။ CJ