ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ စီသာတိုက်နယ်ဆေးရုံ ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ရွှေကူပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဧပြီ(၆) ရက်မှာ ပုံနှင့်တကွသတင်းထုတ်ပြန်ထားပါတယ်။
နှစ်ဘက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရွှေကူမြို့နယ်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရွှေကူနယ် စီသာကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီတပ်သည် မတ်လ ၂၃ရက်ကစပြီး စစ်ကြောင်းထိုးလာ၍ ဒေသခံ PDFနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေရတာဖြစ်ပါတယ်။
တိုက်ပွဲ မှာ စစ်ကောင်စီတပ်က အထိနာနေတာကြောင့် မတ်လ ၂၃ရက်မှ လက်ရှိအချိန်ထိ ရွှေကူနယ်ကို လေကြောင်း တိုက်ခိုက်မှု ၃ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
(စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် စီသာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ရွှေကူ PDF)