နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြ၀တီ – ကော့ကရိတ် အာရှလမ်းအား ဖြတ်သန်းသွားလာခြင်းလုံး၀ မပြုလုပ်ရန် ပူးပေါင်းတပ်ဖွဲ့ထုတ်ပြန်

ကရင်ပြည်နယ် မြ၀တီ – ကော့ကရိတ်အာရှလမ်းအား ဧပြီ (၇)ရက် မှစ၍ ဖြတ်သန်းသွားလာခြင်းလုံး၀ မပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၌ စစ်ရေးလှုပ်ရှားနေသည့် မဟာမိတ် ပူးပေါင်းစစ်ကြောင်းများက အမိန့်ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။

ပူးတွဲ အမိန့်ထုတ်ပြန်ချက်မှာ ကော်ဘရာ စစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Lion Battalion၊ KNU/KNLA(PC) တပ်ရင်းမှူး၊ KNU/KNLA(PC) ဗျူဟာမှူး၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲအမှတ်(၃)တို့ ပါဝင်ပါတယ်။

Era’sEyes | Photo – မဟာမိတ် ပူးပေါင်းစစ်ကြောင်းများ၏ ထုတ်ပြန်ချက်။

ပူးပေါင်းတပ်တွေဟာ မတ်လ ၂၅ရက်မှ စ၍ ကော့ကရိတ်မြို့နယ်နှင့် မြ၀တီ မြို့နယ် အာရှလမ်းမကြီး တလျှောက်ရှိ စစ်ကောင်စီတပ် များကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးမှ တစ်ဆင့် အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုပြီး လူအင်အား လက်နက်ခဲယမ်း နှင့် စားနပ်ရိက္ခာများကို ပို့ဆောင်လျက်ရှိကြောင်း၊ အဲဒါ‌ကြောင့်အရပ်သား ပြည်သူများ အနေဖြင့် မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီ ၇ရက် မှစ၍ မေလ ၂၁ရက်အထိ နှစ်ပတ်ကြာ ဖြတ်သန်းသွားလာခြင်း လုံး၀ မပြုလုပ်ရန် မြေပြင်ပူးပေါင်းစစ်ကြောင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အမိန့်ကို ပူးတွဲထုတ်ပြန်လိုက် တာဖြစ်တယ်လို့ အသိပေးဖော်ပြထားပါတယ်။

ပူးတွဲထုတ်ပြန်ချကမှာ စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)
တပ်များလည်း စစ်ကောင်စီကို တိုက်ခိုက်ရန် အသိပေးထုတ်ပြန်လာတာကိုလည်းတွေ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားတဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 11 Views
ဒီဇင်ဘာလ (၃)ရက်။ နိုဝင်ဘာလ (၂၈)ရက်နေ့က Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားအမျိုးသားတဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့
မြန်မာသတင်း

ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို ပကဖတွေထံ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 11 Views
ဒီဇင်ဘာလ (၃)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို တိုက်နယ်ပကဖနဲ့ UG ပကဖတွေကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူစုစုပေါင်း (၄၀၀၀)ကျော်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 13 Views
ဒီဇင်ဘာလ (၃)ရက်။ ပြီးခဲ့တဲ့လကုန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၄၂၀၀)ရှိပြီး သေဆုံးသူ (၄၄၇၀)ဦးရှိတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူတွေထဲမှာ အသက် (၁၈)နှစ်အောက် ကလေးသူငယ် (၈၇၆)ဦး
မြန်မာသတင်း

မင်းလက်ပံဒေသ ကျားဖြန့်ခြံဝင်းထဲ မထွက်ခွာလိုတဲ့ နိုင်ငံခြားသား (၉၀၀)ကျော် ကျန်ရှိနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 12 Views
ဒီဇင်ဘာလ (၃)ရက်။ မင်းလက်ပံဒေသ Shunda Park Scam Compound ထဲက မထွက်ခွာလိုတဲ့ နိုင်ငံခြားသား (၉၄၂)ဦး ကျန်ရှိနေသေးတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU ရဲ့ မြေပြင်အကဲဖြတ်အဖွဲ့ဟာ
မြန်မာသတင်း

မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 12 Views
ဒီဇင်ဘာလ (၂)ရက်။ မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အနားယူမှာမဟုတ်သလို ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာက မနေ့က ပြည်သူသို့ အသိပေးတင်ပြချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ရှေ့ဆက်ရမယ့် ခရီးလမ်းက ရှည်လျားကြမ်းတမ်းနိုင်ပေမယ့် ညီညွတ်မှု၊ သတ္တိနဲ့
မြန်မာသတင်း

ပခုက္ကူခရိုင်အခြေစိုက် Local PDF နှစ်ဖွဲ့ အညာမြေတပ်ပေါင်းစုထံ ထပ်မံပေါင်းစည်းဝင်ရောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 29 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ ပခုက္ကူခရိုင်အခြေစိုက် God of Myaing တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ အညာမြေတပ်ပေါင်းစုထံ ထပ်မံပေါင်းစည်းဝင်ရောက်လာတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်ဖွဲ့ (၂)ဖွဲ့ဟာ အညာမြေတပ်ပေါင်းစုထံ တရားဝင် လက်မှတ်ရေးထိုး
မြန်မာသတင်း

ဝက်လက်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 32 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီကျော်အချိန်က ဝက်လက်မြို့အရှေ့ခြမ်း နတ်မှော်ဦးရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဝက်လက်အရှေ့ခြမ်း နတ်မှော်ရွာထဲကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့ မနက် (၁၂)နာရီ (၆)မိနစ်လောက်က ပေါင်
မြန်မာသတင်း

စစ်တပ် လွတ်ငြိမ်းနဲ့ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာတယ်လို့ PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 28 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီဇင်ဘာလ (၁)ရက်နေ့က စစ်တပ်ရဲ့ လွတ်ငြိမ်းနဲ့ အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဂာ အကျဉ်းထောင် (၁၁)ခုကနေ