Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မီဇိုရမ်မှာ အိန္ဒိယနိုင်ငံသား (၃) ဦးကို သတ်ဖြတ်ခဲ့သူများကို ဖမ်းဆီးထားပြီးပြီလို့ CDF-Mindat ထုတ်ပြန်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နယ်စပ်မှာ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှာ အိန္ဒိယနိင်ငံသား (၃) ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။


ဖြစ်စဉ်မှာ မြိုင်မြို့နယ်အခြေစိုက်ကာကွယ်ရေးတပ်မှ ပစ္စည်းများဝယ်ယူရန် ငွေကြေးပေးရာတွင် လိမ်လည်မှု ဖြစ်ပွားခဲ့ပြီး လိမ်လည်မှုတွင် ပါဝင်ခဲ့တယ်လို့ ယူဆရတဲ့ အိန္ဒိယနိုင်ငံသား (၃) ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံများထံမှ သိရှိထားပါတယ်။

ဧပြီလ (၉) ရက်နေ့ ဒီကနေ့မှာတော့ အိန္ဒိယနိင်ငံသား (၃) ဦးကို သတ်ဖြတ်ခဲ့သူများကို ဖမ်းဆီးထားပြီးပြီလို့ CDF-Mindat က ထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးထားသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ချက်မှာ ရေး‌သားဖော်ပြထားခြင်း မရှိပါဘူး။
CDF-Mindat တာဝန်ခံများကို ခေတ်မျက်လုံးမှ မေးမြန်းစုံစမ်းရာမှာ အဲ့ဒီ လူသတ်မှုမှာ CDF-Mindat က ရဲဘော်များ ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနဲ့ အိန္ဒိယဘက်က အဲ့ဒီလူသတ်တရားခံတွေကို အိန္ဒိယဘက်ကို လွှဲပြောင်းပေးဖို့ တောင်းဆိုထားကြောင်း ဖြေကြားခဲ့ပါတယ်။

မြိုင်မြို့နယ်ပအဖကလည်း ဒီလူသတ်မှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို ဧပြီလ (၇) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
မီဇိုရမ်ပြည်နယ်ဟာ မြန်မာစစ်ဘေးရှောင်များကို ကူညီပေးနေတဲ့ ပြည်နယ်တခုဖြစ်ပြီး ဒီလူသတ်မှုအတွက် မြန်မာစစ်ဘေးရှောင်တွေ ပိုပြီး အနေကြပ်လာတဲ့ အခြေအနေ ဖြစ်လာတယ်လို့ CDF-Mindat က ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဘယ်တော်လှန်ရေးအဖွဲ့တွေနဲ့မဆို ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိအောင် တည်ဆောက်နေတယ်လို့ GZA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 8 Views
ဇူလိုင်လ (၂၉)ရက်။ ဘယ်တော်လှန်ရေးအဖွဲ့တွေနဲ့မဆို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိအောင် တည်ဆောက်နေပြီး ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ Generation Z Army(GZA)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့ ဝန်ကြီးဌာနတွေကို စုဖွဲ့ဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 5 Views
ဇူလိုင်လ (၂၉)ရက်။ အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့ ဝန်ကြီးဌာနတွေကို စုဖွဲ့ဆောင်ရွက်နေတယ်လို့ NUG ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့
မြန်မာသတင်း

သေဒဏ်အထိကျခံနိုင်တဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေကာကွယ်တဲ့ဥပဒေတရပ် စစ်ကောင်စီပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 11 Views
ဇူလိုင်လ (၂၉)ရက်။ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ထိန်းသိမ်းကာကွယ်တဲ့ဥပဒေကို စစ်ကောင်စီက မနေ့က ဇူလိုင်လ (၂၈)ရက်နေ့ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေဟာ စစ်ဘက်ဆိုင်ရာဗျူဟာတွေ၊ နည်းဗျူဟာတွေ၊ စစ်ဘက်လေ့ကျင့်ရေးကိစ္စတွေ၊ စစ်တပ်သုံးရေယာဉ်၊ လေယာဉ်၊ စက်ယန္တရား၊ လက်နက်ခဲယမ်း၊
မြန်မာသတင်း

မိုးကုတ်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၄)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 10 Views
ဇူလိုင်လ (၂၉)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က မိုးကုတ်မြို့အရှေ့ပိုင်းရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အရှေ့ပိုင်းက ရပ်ကွက်တွေဖြစ်တဲ့ မင်းတံတား၊
မြန်မာသတင်း

စစ်ကိုင်းငလျင်ဟာ အခြားငလျင်တွေနဲ့ နှိုင်းယှဉ်ရင် များစွာသက်သာတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 12 Views
ဇူလိုင်လ (၂၉)ရက်။ စစ်ကိုင်းငလျင်ဟာ ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အသက်ဆုံးရှုံးတဲ့အရေအတွက် သိန်းဂဏန်းရှိတဲ့ ငလျင်တွေနဲ့ နှိုင်းယှဉ်ရင် များစွာလျော့နည်းသက်သာတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ မတ်လ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ ဗုံး (၃)ကြိမ် ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 26 Views
ဇူလိုင်လ (၂၈)ရက်။ မနေ့က ည (၁၁)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ပန်ပေါင်းရွာကို စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ ဗုံး (၃)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညက
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ရှောင်နေရာကို စစ်ကောင်စီ ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 25 Views
ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်က နွားထိုးကြီးမြို့ရှိ မျက်ရှုရွာအနီးရှိ စစ်ဘေးရှောင်နေရာတခုကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက ဗုံးကြဲချခဲ့တဲ့နေရာဟာ
မြန်မာသတင်း

တပတ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦး အလင်းဝင်ခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် အများဆုံးပါဝင်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 28 Views
ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၁၅)ရက်နေ့ကနေ (၂၁)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်-People’s Goal ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးမှာ စစ်သား (၄၂)ဦးနဲ့ ရဲ (၁)ဦးတို့ဖြစ်ပြီး