ဘုံရန်သူစစ်ကောင်စီအား အပြီးသတ်ချေမှုန်းနိုင်ရန် အားလုံးအတူတကွ စုစည်းညီညွတ်စွာဖြင့် ရုန်းကန်ဖောက်ထွက် ကြိုးစားကြမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ရက္ခိုင့်တပ်တော်(AA)ထံသို့ ဧပြီ (၁၀)ရက်မှာ သဝဏ်လွှာပေးပို့လိုက်တယ်လို့သိရပါတယ်။
AA ဖွဲ့စည်းတည်ထောင်ခြင်း (၁၄)နှစ်မြောက် အခမ်းအနား ဖြစ်တဲ့ ဒီကနေ့မှာNUG ကာကွယ်ရေး ဝန်ကြီးဌာနက အခုလို သဝဏ်လွှာပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။
(၁၄)နှစ်တာတော်လှန်ရေး ခရီးကြမ်းအတွင်း အသက်အိုးအိမ်၊ စည်းစိမ်၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ပေးလှူခဲ့ကြသည့် ရက္ခိုင်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင် ပြည်သူလူထု တစ်ရပ်လုံးကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ်ကြောင်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင် ပြည်သူလူထု ၏ နိုင်ငံရေး၊ အမျိုးသားရေး မျော်မှန်းချက်များကိုလည်း တစ်ပါတည်းအပြည့်အ၀ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ပါစေဟုလည်း သဝဏ်လွှာပေးစာမှာ ထည့်သွင်းဖော်ပြထားတယ်လို့သိရပါတယ်။
Era’sEyes |Photo-NUG သဝဏ်လွှာ