နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု ကုလအတွင်းရေးမှူးချုပ် ပြင်းထန်စွာရှုတ်ချ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့ကလည်း စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်
သွားမယ်လို့ ကြေညာချက်အသီးသီးထုတ်ပြန်လိုက်ကြပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ် က ပဇီကြီိးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားသေကြေပျက်စီးမှုအတွက် တာ၀န်ရှိသူများကို အရေးယူနိုင်ရေးလုပ်ဆောင်ရေး၊ ဒဏ်ရာရရှိသူများအတွက် အရေးပေါ် ဆေးဝါးကုသမှုနှင့် အထောက်အပံ့ရရှိရေးခွင့်ပြုပေးရန်တို့ ကို ထုတ်ပြန်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပဇီကြီးရွာ လေကြောက်တိုက်ခိုက်ခံရမှုနှင့် ဧပြီ ၁၀ ရက် ချင်းပြည်နယ် လေကြောင်းတိုက်ခိုက်ခံရမှု အကြမ်းဖက်ဖြစ်စဥ်တို့မှာ လူ့အသက်ကို စစ်ကောင်စီရဲ့ လျစ်လျူရှုမှုနှင့် ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားလှသော နိုင်ငံရေး လူသားချင်းစာနာမှုအကျပ်အတည်းအတွက် စစ်ကောင်စီတာဝန်ရှိမှုကို ထပ်မံထင်ရှားစေကြောင်း ဖော်ပြသည်။

ဥရောပသမဂ္ဂပြောရေးဆိုခွင့်ရှိသူကလည်း စစ်ကိုင်းတိုင်း၌ စစ်ကောင်စီကျူးလွန်ခဲ့သော နောက်ဆုံးပေါ်ရက်စက်ကြမ်းကြုတ်မှုအစီရင်ခံစာများအပေါ် လွန်စွာတုန်လှုပ်မိကြောင်းနှင့် ယင်းဖြစ်စဥ် တာ၀န်ရှိိသူများကို အပြည့်အဝတာ၀န်ခံမှုရှိိစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောသည်။

Era’sEyes /(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဗြိတိန်နှင့် ကနေဒါတို့ကလည်း စစ်ကောင်စီ၏ အထက်ပါလေကြောင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချမှုများပြုလုပ်ခဲ့ပြီး အကြမ််းဖက်မှုများ ရပ်တန့်ရေး၊ အရပ်သားပြည်သူများကို အကာအကွယ််ပေးနိုင််ရေးတို့အတွက် နိုုင်ငံတာမိတ်ဖက်များနှင့် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် ကြောက်မက် စက်ဆုတ်ဖွယ်အကြမ်းဖက်မှုကို ရပ်တန့်ရန်၊ လူသားချင်းစာနာမှုအကူအညီကို အဟန့်အတားမရှိိ ခွင့်ပြုရန်၊ မြန်မာပြည်သူများ၏ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရက်တစ်ဆန္ဒများကို လေးစားရန် အမေရိကန်က တောင်းဆိုသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများကို ကာကွယ်ပေးရေးဥပဒေများအပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနှင််အညီ လိုက်နာရမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ဆက်လက်ပြီး အမေရိကန်က စစ်ကောင်စီကျူးလွန်ခဲ့သော ညှင်းပန်းနှိပ်စက်မှုများ၊ ချိုးဖောက်မှုများအတွက် တာ၀န်ခံမှုရှိစေရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 16 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 18 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 31 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ အဓိကအချက်များမှာ – တပ်ဖွဲ့များ၏
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 28 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ပတ်သက်တာတွေ ဒီလိုလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး NUCC ကစာထုတ်ကြိုဆို သလို နောက် TNLA က
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 27 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့