စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်ခံရမှု အပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလံကို ၅ရက်ကြာ တိုက်ဝက် လွှင့်ထူထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှု အပေါ် မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် (PDF) အလံကို အခုလို တိုင်ဝက်လွှင့်ထူဖို့
ညွှန်ကြားထားတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
ပဇီကြီးကျေးရွာကို ဧပြီ (၁၁)ရက် မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့တာကြောင့်ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူများစွာ သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ်။
ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်ခံရမှုတွင်ယနေ့ညနေပိုင်းအထိ အရပ်သား အနည်းဆုံး ၅၃ ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ရာ သေဆုံးသူများ ထပ်တိုးနိုင်ကြောင်း NUGက အသိပေးထားသည်။
Era’sEyes / (ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေးအတွက် တိုက်ပွဲဝင်ရန်ကျဆုံးခဲ့ကုရသော သူရဲကောင်းများအတွက် ရှစ်လေးလုံး အရေးတော်ပုံ ၃၄ နှစ်ပြည့်နှစ်ပါတ်လည်အဖြစ် ၂၀၂၂ သြဂုတ် ၈ ရတ်က မန္တလေးPDF မှတပ်ဖွဲ့ဝင်များက PDF အလံတော်ကိုတစ်ဝက်လွှင့်ထူ၍ ဂုဏ်ပြုအလေးပြုစဥ်။ဓါတ်ပုံ-MPDF)