စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ဧပြီ (၁၁)ရက် ညနေပိုင်း၌ ဗကသကျောင်းသားလူငယ်များနှင့် ဒေသခံပြည် သူများ ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် ချီတက်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။
အဲဒီ သပိတ်စစ်ကြောင်းတွင် ပြည်သူများက “ ၅/ ကန့်ဘလူအတွက် တိုက်ပွဲဝင်ကြ” စာသားကို ကိုင်ဆောင်၍ အကြမ်းဖက် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ချေမှုန်းရေး လူထုကြွေးကြော်သံများ ဟစ်ကြွေး၍ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြသပိတ်စစ်ကြောင်းမှာ မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ လက်ပံတောင်းတောင် ပင်မသပိတ်နှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူနယ် ပဇီကြီးရွာရှိ အရပ်သားအများအပြား စုဝေးရာနေရာသို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ကျူးလွန်ခဲ့၍ အရပ်သားပြည်သူ အနည်းဆုံး ၅၀ ဦးကျော် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့တာဖြစ်ပါတယ်။
Era’sEyes / ဓာတ်ပုံ – မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ Lapantaungtaung