ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် ရန်တိုင်းအောင် သင်္ကြန်ဗဟိုမဏ္ဍပ် အနီး ကားပါကင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီပေါက်ကွဲမှုမှာ လူအသေအပျောက်ရှိခဲ့တယ်လို့ လားရှိုးဒေသခံတွေဆီက သိရပါတယ်။ ဗုံးပေါက်ကွဲမှု အရှိန်ပြင်းထန်လို့ မြို့ထဲက အိမ်တွေပါ တုန်ခါကုန်တယ်လို့ လားရှိုးမြို့ခံတွေက ပြောဆိုပါတယ်။
နောက်ဆက်တွဲ ရရှိတဲ့သတင်းတွေအရ ပေါက်ကွဲ မှုကြောင့် လူ (၄) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများပြားခဲ့တယ်လို့ သိရတာပါ။
လက်ရှိမှာတော့ စစ်ကောင်စီက ပေါက်ကွဲမှုဖြစ်ရာ အနီးဝန်းကျင်ကို လုံခြုံရေး တင်းကြပ်ထားတယ်လို့ သိရပါတယ်။
Era’sEyes -| Photo -CRD