နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကမ္ဘာကျော် TIME မဂ္ဂဇင်းရဲ့ “The 100 Most Influential People of 2023” မှာ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထည့်သွင်းဖော်ပြ

မြန်မာ စစ်ကောင်စီဟာ အာဖဂန်နစ္စတန်က တာလီဘန်အဖွဲ့ ပြီးရင် ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးအဖွဲ့အဖြစ် သတ်မှတ်ခံထားရ

၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ နာမည်လွှမ်းမိုးမှုအများဆုံးလူ ၁ဝဝ စာရင်းမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ၊ ဂျာမဏီ ဝန်ကြီးချုပ်၊ ဩစတြေးလျ ဝန်ကြီးချုပ်၊ ဂျပန်ဝန်ကြီးချုပ် စတဲ့ခေါင်းဆောင်တွေနဲ့ အတူ မြန်မာက အာဏာသိမ်း စစ်ခေါင်းဆောင်ကိုပါ TIME တိုင်းမ်မဂ္ဂဇင်းက ဧပြီ (၁၃) ရက် မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ တိုင်းမ်မဂ္ဂဇင်းအနေနဲ့ မြန်မာအာဏာသိမ်း‌စစ်ခေါင်းဆောင် ကို နာမည်ကောင်းနဲ့ ဖော်ပြတာမဟုတ်ဘဲ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ပုံစံမျိုး ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အခြားခေါင်းဆောင်တွေကတော့ ကိုယ့်နိုင်ငံအတွက် ကြိုးစားလုပ်ဆောင်ခဲ့တဲ့ အကြောင်းအရာတွေကြောင့် အခုလို စာရင်းထည့်သွင်းဖော်ပြခံရတာကို TIME မဂ္ဂဇင်းရဲ့ ရေးသားချက်တွေအရသိရပါတယ်။

မြန်မာ စစ်ခေါင်းဆောင်ဟာ လူပေါင်း ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာသိမ်းယူခဲ့တာ ဖြစ်ကြောင်း၊ NUG ၊ PDF အဖွဲ့တွေကို ကူညီပံ့ပိုးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကို ပြတ်ပြတ်သားသား ချေမှုန်းအရေးယူမယ်လို့ တော်လှန်ရေးနေ့က ပြောဆိုခဲ့တာ ကိုထည့်သွင်းဖော်ပြထားပါတယ်။

နောက်တခု အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်လို့ ကုလသမဂ္ဂက စွပ်စွဲခံရသူဖြစ်ပြီး ၊ သူခေါင်းဆောင်တဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီဟာလည်း အာဖဂန်နစ္စတန်က တာလီဘန်အဖွဲ့ ပြီးရင် ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးအဖွဲ့အဖြစ် သတ်မှတ်ခံထားရတယ်လို့ တိုင်းမ်မဂ္ဂဇင်းက ရေးသားပါတယ်။

စစ်ခေါင်းဆောင် အာဏာသိမ်းခဲ့ချိန်ကစပြီး ကျေးရွာတွေကို အမြောက်လက်နက်တွေ၊ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် ပြည်သူထောင်ပေါင်းများစွာ အသက်ဆုံးခဲ့ရသလို သန်းနဲ့ချီတဲ့လူတွေ မူလဇာတိက ထွက်ပြေးပုန်းရှောင်နေကြရကြောင်း စသဖြင့်လည်း တိုင်းမ်မဂ္ဂဇင်းမှာ ထည့်သွင်း ဖော်ပြထားတာပါ။

အာဏာမသိမ်းမီကပင် ကုလသမဂ္ဂက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို “လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်” နဲ့ ရိုဟင်ဂျာမွတ်စလင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ တယ်လို့ စွပ်စွဲထားတာကိုလည်း TIME မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကို အပယ်ခံနိုင်ငံအဖြစ် ပြန်လည် ရောက်ရှိစေတယ်လို့လည်း TIME မဂ္ဂဇင်းက ရေးသားပါတယ်။ အဲဒါအပြင် ကမ္ဘာ့ဒုတိယ အာဏာရှင်စနစ် အဖြစ် ဘောနိုမစ်ထောက်လှမ်းရေးယူနစ်၏ ၂၀၂၂ခုနှစ် ဒီမိုကရေစီအညွှန်းကိန်းမှာလည်း ဖော်ပြထား ခဲ့တယ်လို့ တိုင်းမ် မဂ္ဂဇင်း‌ရဲ့ ရေးသားချက်များအရသိရပါတယ်။

Era’sEyes | News | Photo – TIME

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 46 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို