စခန်းမှူး ထိမှန် ကာ ရဲ (၄) ဦးသေဆုံးဟုဆို
မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက သိမ်ဆိပ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ (၁၇) ရက်
မနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းအထိ ကြာမြင့်ခဲ့တယ်လို့ အဲဒီ အနီးအနားက ဒေသခံတွေ က ပြောပါတယ်။
အဲဒီ သိမ်ဆိပ်ရဲစခန်း တိုက်ခိုက်မှုကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ HRS ဒရုန်းတပ်ဖွဲ့တို့အပါအဝင် ပူးပေါင်း အဖွဲ့တွေက တိုက်ခိုက်တာဖြစ်လို့ သထုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ရဲစခန်းမှူး ထိမှန်ပြီး ရဲ ၄ ဦးသေဆုံးတယ်လို့ ပူးပေါင်း အဖွဲ့တွေက ပြောပါတယ် ။ ထိခိုက်ကျဆုံးမှုတွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး
Era’sEyes | Photo – သထုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့