ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် စစ်ကောင်စီတပ်မှ အရာရှိနှစ်ဦး နှင့် အတူပါလာသူတစ်ဦးတို့
ပစ်ခတ်ခံရ တယ်လို့ ဒေသခံများထံကသိရပါတယ်။
သန်လျင်မြို့ ထန်းပင်ကုန်းရပ်ကွက်ရှိ အမှတ်(၃) ကျောင်းအနီးတွင် ပစ်ခတ်မှု ဖြစ်ပွား ခဲ့တာပါ။ ပစ်ခတ်မှုဖြစ်ပွား ပြီးနောက် စစ်တပ်က မြို့အဝင်ထွက်များကိုပိတ်ဆို့ စစ်ဆေးနေတယ်လို့သိရပါတယ်။ ပစ်ခတ်မှု့ကြောင့်ထိခိုက်သေဆုံးမှု ရှိတယ်လို့ ပြောဆိုနေပေမယ့် အတည်ပြုလို့မရသေးပါဘူး။
လက်ရှိအခြေအနေကြောင့် သန်လျင်မြို့အတွင်း ၌ တံဆိပ်ကပ်ဖမ်းဆီးခြင်းများ ရှိလာနိုင်သဖြင့် ပြည်သူများ သတိပြုရှောင်ရှားသွားလာကြဖို့ကိုလည်းဒေသခံများက သတိပေးထားပါတယ်။
Era’seyes/Photo-CJ/သန်လျင်မြို့အတွင်း စစ်ကောင်စီတပ်များကပိတ်ဆို့စစ်ဆေးနေစဥ်(ပုံအဟောင်း)