နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

အဖမ်းဆီးခံရတဲ့ ကလေးမြို့သပိတ်အဖွဲ့ဝင်တစ်ဦးရဲ့ နေအိမ် ဖြိုချခံရ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ ကလေးပင်မသပိတ် စစ်ကြောင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မကိမ်ဘွဲ့ (ခေါ်) ကျိန်ဒွန့်ကိမ်ရဲ့ နေအိမ်ကို ဒီကနေ့ ဧပြီလ (၁၉) ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီက အင်အား ၃၀ ခန့်နဲ့ လာရောက်ပြီး ဖြိုချပစ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


မကျိန်ဒွန့်ကိမ်နဲ့အတူ သူမရဲ့မိခင်၊ သူမရဲ့ ဝမ်းကွဲညီမငယ်နဲ့ မောင်ငယ်တို့ကိုပါ စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ပြီး ညီမနဲ့မောင်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။

မကိမ်ဘွဲ့ (ခေါ်) ကျိန်ဒွန့်ကိမ်ဟာ ပြီးခဲ့တဲ့ ဧပြီလ (၁၆) ရက်နေ့က တပ်ဦး သီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမထက် တံတားဦးအနီးမှာ အတာရေအိုးများပေါ် တော်လှန်သင်္ကြန်စာသားများ ရေးထိုးပြီး ဆန္ဒပြရန် ပြင်ဆင်နေစဥ် တခြား အဖွဲ့ဝင် (၃) ဦးနဲ့အတူ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ။ ဖျက်ဆီးခံရတဲ့ မကိမ်ဘွဲ့ (ခေါ်) ကျိန်ဒွန့်ကိမ်ရဲ့ နေအိမ်ကို တွေ့ရစဉ်။ /ဓာတ်ပုံ။ Zalen, Fifty Two News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့မှာ ဒေသခံတွေ ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 16 Views
အောက်တိုဘာလ (၉)ရက်။ ဗန်းမောက်မြို့အနီးမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်တပ်ထုတ်ပြန်တဲ့ မဲစာရင်းတွေ မှားယွင်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 24 Views
အောက်တိုဘာလ (၉)ရက်။ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်တပ်က ထုတ်ပြန်တဲ့ မဲစာရင်းတွေဟာ မှားယွင်းနေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ လေ့လာစောင့်ကြည့်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်ရှောင်ကလေးတွေ စာသင်တဲ့နေရာကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်တွေအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 27 Views
အောက်တိုဘာလ (၉)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် မင်းတပ်မြို့ရှိ ဝမ္မသူးရွာနဲ့ ထင်းချောင်းရွာရှိ စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ စာသင်ကျောင်းတွေကို အကြောင်းမဲ့
မြန်မာသတင်း

အခုလဆန်းပိုင်းထဲဖြစ်ပွားခဲ့တဲ့ ရန်ကုန်က လူသတ်မှုတွေရဲ့ ကျူးလွန်သူတွေဟာ ဆယ်ကျော်သက်အရွယ်တွေဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 17 Views
အောက်တိုဘာလ (၉)ရက်။ အခုလဆန်းပိုင်းက ရန်ကုန်တိုင်း သန်လျင်နဲ့ ပန်းဘဲတန်းတို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုဖြစ်စဉ်တွေရဲ့ ကျူးလွန်သူတွေဟာ အသက်(၁၇)နဲ့ (၁၈)နှစ်ဝန်းကျင်တွေဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၅)ရက်နေ့က သန်လျင်မြို့မှာ အငှားယာဉ်မောင်းတစ်ဦးကို သတ်ဖြတ်ပြီး
မြန်မာသတင်း

ထီးမိုပွာနယ်မြေထဲ စစ်တပ်က ဗုံးသီး (၄၀)ကျော် ကြဲချတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 18 Views
အောက်တိုဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က မြိတ်-ထားဝယ်ခရိုင်၊ ထီးမိုပွာနယ်မြေရှိ ထီးခီးရွာထဲကို စစ်တပ်က လေကြောင်းကနေ ဗုံးသီး (၄၀)ကျော် ကြဲချခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)နာရီ (၁၀)မိနစ်လောက်က
မြန်မာသတင်း

တလပြည့်တဲ့ လေးကေ့ကော်တိုက်ပွဲထဲ စစ်တပ်ဘက်က (၁၅၀)နီးပါး ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 35 Views
အောက်တိုဘာလ (၈)ရက်။ ဒီကနေ့ လေးကေ့ကော်တိုက်ပွဲ တလပြည့်တဲ့အချိန်မှာ စစ်ကော်မရှင်တပ်ဘက်က (၁၅၀)နီးပါး ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ Justice Soldier ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လေးကေ့ကော်တိုက်ပွဲက ဒီကနေ့ အောက်တိုဘာလ (၈)ရက်နေ့မှာ တလပြည့်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာသတင်း

ချောင်းဦး ဆီမီးသပိတ် ဗုံးကြဲခံရပြီး သေဆုံးသူတွေထဲ သပိတ်ရဲဘော် (၃)ဦး ပါဝင်တယ်လို့ GSCB ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 32 Views
အောက်တိုဘာလ (၈)ရက်။ ချောင်းဦးမြို့ ဗုံတိုရွာက ဆီမီးသပိတ် လေကြောင်းဗုံးကြဲခံရတာမှာ သေဆုံးသူတွေထဲ သပိတ်ရဲဘော် (၃)ဦး ပါဝင်ခဲ့တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျဆုံးခဲ့ရတဲ့ သပိတ်ရဲဘော် (၃)ဦးဟာ ရဲဘော် ချမ်းငြိမ်းအောင်၊ ရဲဘော်
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်း လေကြောင်းဗုံးကြဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 34 Views
အောက်တိုဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က နွားထိုးကြီးမြို့ မကျီးကုန်းရွာရှိ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ နွားထိုးကြီးမြို့တောင်ဖက် မကျီးကုန်းရွာမှာ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က