စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်က စစ်အုပ်စုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Dog Killers People’s Defence Force Myinmu ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
မြင်းမူမြို့ပေါ်က စစ်အုပ်စုကို ဧပြီ ၁၈ ရက် ညနေ ပိုင်းက ၈၀ မမနဲ့ ၃လုံး၊ ၆၀ မမနဲ့ ၄ လုံးနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အထိအခိုက်များပြားနိုင်ပြီး သေဆုံးထိခိုက် ဒဏ်ရာရရှိသူ ဦးရေအတိအကျ မသိရှိရသေးပါဘူး။
အဲဒီစစ်ဆင်ရေးကို (PAFD) တပ်ခွဲ၊ DK PDF-MMU၊ People’s Knight Defence Force Myinmu (PKDF MMU)၊ Zarmini Revolution Force Myinmu/Myaung၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပကဖ၊ TAUNGTHA People Defense Force (TTAPDF)နဲ့ (D.B.B.F-MMU) စတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။
Era’sEyes /Photo – Dog Killers People’s Defence Force Myinmu