နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်ဖွဲ့ စီးနင်းလာသော ၁၂ ဘီး ကားကို KIA ကြားဖြတ်တိုက်ခိုက် ၊စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာပြင်းထန် ကာ ပြည် သူ ၁ ဦး အသက်သေဆုံး (၆) ဦး ဒဏ်ရာရရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယား ကျေးရွာ အုပ်စု ဂတ်နွယ် (ပျားအုံ) ရွာ လမ်းခွဲ မှာ ဧပြီ (၁၉)ရက် မနက် ၈ နာရီအချိန်က နမ့်ယား စစ်ကောင်စီတပ်ဖွဲ့တို့ စီးနင်းလာတဲ့ ၁၂ ဘီး ကား ကို KIA တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့သည် နန့်ယားတပ်စခန်းမှ ယနေ့ နံနက် ၃ နာရီအချိန်တွင် ထွက်ခွာလာခဲ့ ခြင်းဖြစ်ပြီး ဆိုင်းဖရာရွာသို့ ဝင်ရောက်ကာ ပြည်သူ ၇၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်၍ ၁၂ ဘီးကား ပေါ်တက်စေကာ စစ်သားများ နှင့်အတူ ရောယောင် သယ်ဆောင်သွားခဲ့တာ ဖြစ်ပြီ မနက် (၈) နာရီအချိန်မှာ ဂတ်နွယ်ရွာထိပ် အရောက်မှာ KIA အဖွဲ့က ကြား ဖြတ် တိုက်ခြင်းကို ခံခဲ့ရ တာ ဖြစ်တယ်လို့ မြေပြင် သတင်းတွေအရသိရပါတယ်။

စစ်ကောင်စီ အင်အား (၃၀) လောက်ပါဝင်ပြီး ဆိုင်းဖရာရွာထဲရှိ အမျိုးသား အမျိုးသမီး အယောက် (၇၀)ခန့်ကို
၁၂ ဘီးကား နဲ့ ခေါ်ဆောင်သွားကြတာ ဖြစ်ပါတယ်။ အခုလိုလုပ်ဆောင်တာဟာ ပြည်သူတွေကို လူသားဒိုင်းအသွင်အသုံးချတာ ဖြစ်တယ် လို့ ‌မြေပြင် အခြေအနေကို ကြုံ တွေ့ခဲ့တဲ့ ဒေသခံတွေဆီက သိရပါတယ်။

KIA တို့ ဖြတ်တိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ပြီး၊ အရာရှိ တစ်ဦး အပါအဝင် ၁၀ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိ ခဲ့ ကာ ပြည်သူ ၁ ဦး အသက်သေဆုံးခဲ့ရပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြ ရတယ်လို့ သိရပါတယ်။

KIA အနေနဲ့က ပြည်သူတွေ ပါလာသည်ကို သိရှိမည်ဟု မထင်ကြောင်း လက်ဦးမှု ရယူကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဒေသခံများက ပြောကြားသည်။

ဒဏ်ရာရရှိသော ပြည်သူများအား ဆေးကုသခံ ယူနိုင်ရန် နီးစပ်ရာ ဆေးပေးခန်း သို့ ပို့ဆောင် ပေးခဲ့ ပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ ရ သော ပြည် သူများ အားလုံးကိုလည်း KIA ဘက်က ကားများ စီစဉ်ပေးကာပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

Era’sEyes / Photo – စစ်ကောင်စီက ပြည်သူ ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် တင်ဆောင်ခဲ့သော ကား နှင့် အဖမ်းဆီးခံပြည်သူများ။ ဒဏ်ရာရရှိသော ပြည်သူများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 26 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်သပြေရွာနားကို ရောက်လာတဲ့ စကစစစ်ကြောင်း အင်အား(၁၅၀)နဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတာပါ။ အဲ့ဒီတိုက်ပွဲက
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို