စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို အကြမ်းဖက် တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံ ကာရူအိဇာဝါမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာ G7 နိုင်ငံခြားရေး ဝန်ကြီးတွေက ပူးတွဲထုတ်ပြန်ခဲ့တ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာလုယူပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကို လက်မခံတဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတာနဲ့ပတ်သက်ပြီး G7 နိုင်ငံခြားရေးဝန်ကြီးတွေက ရှုတ်ချလိုက်တာဖြစ်ပါတယ်။
မြန်မာပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေပိုပြီး ဆိုးရွာလာနေတာကြောင့် ဒီကိစ္စပေါ်မှာ အလွန်စိုးရိမ်တယ်လို့ G7 နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲထုတ်ပြန်ပါတယ်။
မြန်မာနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက် အကောင်အထည်ဖော်နိုင်အောင် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၆၆၉ ကိုလည်း ကြိုဆိုတယ်လို့ထုတ်ပြန်ထားပါတယ်။
လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် ၂၆၆၉ ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ လူ့အခွင့် အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့၊ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့ စတဲ့အချက်တွေကို အဓိက တောင်းဆိုထားတာ ဖြစ်တယ်လို့သိရပါတယ်။
Era’sEyes/Photo-CRD