ကုလသမဂ္ဂ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ (United Nations Special Rapporteur for Myanmar) Mr. Thomas Andrews ဟာ ဂျပန်နိုင်ငံကိုရောက်ရှိနေစဉ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး အပါအဝင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူအချို့နဲ့ ဧပြီလ ၂၂ရက် မှာ
တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Mr. Thomas Andrews ဟာ အမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး ကိုလာရောက်ခဲ့ပြီးကိုယ်စားလှယ် ဦးစောဘလှသိန်း အပါအဝင် ရုံးအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံပြီး အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
အဲ့ဒီနောက်ဂျပန်နိုင်ငံရောက်တိုင်းရင်းသားခေါင်းဆောင်တွေအဖွဲ့အစည်းအသီးသီးက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လူငယ်တွေ၊ မြန်မာ့အရေးထောက်ခံအားပေးတဲ့ ဂျပန်လူမျိုးအချို့နဲ့ တွေ့ဆုံပြီး တက်ရောက်လာသူတွေကမေးမြန်းတဲ့မေးခွန်းတွေကိုပြန်လည်ဖြေကြားဆွေးနွေးပြီးအကြံပြုချက်တွေရယူခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီးအာရှဒေသတွင်းဒီမိုကရေစီအင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ဂျပန်နိုင်ငံကို အခုထက်ပိုမို ဖိအားပေးတိုက်တွန်းသွားရန်အတွက် ဂျပန်နိုင်ငံကို ရောက်ရှိလာရခြင်းဖြစ်တယ်လို့လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။
Era’sEyes | Photo – NUG REF: PVTV